တစ်အောင်စလျှင် ဒေါ်လာ ၁၉၀၀ ကျော်သို့ပြန်လည်ရောက်ရှိသွားသည့် ကမ္ဘာ့ရွှေစျေးနှင့် ယနေ့ ပြင်ပစျေးကွက်တွင်းရှိ ဒေါ်လာ၊စက်သုံးဆီနှင့် ပြည်တွင်းရွှေစျေးနှုန်းများ




၂၀၂၃ခုနှစ် မတ်လ(၁၄)ရက် တနင်္လာနေ့ ယနေ့ ပြင်ပစျေးကွက်တွင်းရှိစက်သုံးဆီစျေးနှုန်းများ၊ဒေါ်လာငွေလဲလှယ်နှုန်းများနှင့်ကမ္ဘာ့ရွှေစျေး၊ပြည်တွင်းရွှေစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2850 ကျပ်၊ Sell – 2860 ကျပ်
စင်ကာပူဒေါ်လာ -buy 2130 ကျပ်၊ Sell -2145 ကျပ်
ဂျပန်ယန်း – buy 21.50 ကျပ်၊ Sell 22.20 ကျပ်
ယူရို – buy 3015 ကျပ်၊ Sell 3045 ကျပ်




ထိုင်းဘတ်ငွေ – buy 82.80 ကျပ်၊ Sell 83.30 ကျပ်
တရုတ်ယွမ် -buy 412 ကျပ်၊ Sell 418 ကျပ်
မလေးရှားရင်ဂစ် -buy 640 ကျပ်၊Sell 650 ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။




ယနေ့စက်သုံးဆီစျေးနှုန်းများအနေဖြင့်ရန်ကုန် ၉၂ တစ်လီတာ ၂၁၅၅ ကျပ်၊၉၅တစ်လီတာ ၂၂၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၇၀ ကျပ်ဖြစ်ပြီး နေပြည်တော် ၉၂ တစ်လီတာ ၂၁၉၅ ကျပ်၊၉၅ တစ်လီတာ ၂၂၉၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၂၄၀ ကျပ်၊




ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၃၂၀ ကျပ်နှင့်မန္တလေး ၉၂ တစ်လီတာ ၂၂၀၅ ကျပ်၊၉၅ တစ်လီတာ ၂၂၉၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၂၄၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၃၂၀ ကျပ်ဖြစ်ပြီး ယနေ့စက်သုံးဆီစျေး ပျမ်းမျှ ကျပ် ၅၀ကျော် ထပ်မံမြင့်တက်ကြောင်းသိရှိရပါသည်။




ယနေ့ ကမ္ဘာ့ရွှေစျေး မှာတစ်အောင်စလျှင် 1913 US ဒေါ်လာဖြင့်စျေးစဖွင့်ပြီး မတ်လ(၁၃)ရက်နေ့ညနေပိုင်းတွင်တစ်အောင်စလျှင် 1904 US ဒေါ်လာဖြင့်စျေးပိတ်သွားပြီး ကမ္ဘာ့ရွှေစျေး ထပ်မံ၍မြင့်တက်သွားပါသည်။

ယနေ့ ပြင်ပစျေးကွက်အတွင်းရှိ ပြည်တွင်းရွှေစျေးနှုန်းများမှာ မနက်(၀၉:၃၀)နာရီအချိန်တွင်တစ်ကျပ်သားလျှင်အခေါက်ရွှေ ရောင်းစျေး -၂၈၈၅၀၀၀/-ကျပ်၊ ဝယ်စျေး ၂၈၈၀၀၀၀/- ကျပ်နှင့်၁၅ပဲရည် ရွှေစျေး ၂၆၈၀၀၀၀/-ကျပ်ဖြင့်စျေးဖွင့်ကြောင်းသိရှိရပါသည်။
မတ်လ (၁၃)ရက်နေ့ညနေပိုင်းစျေးအပိတ်တွင်အခေါက်ရွှေတစ်ကျပ်သားလျှင် ရန်ကုန်စျေးရောင်းစျေး ၂၈၇၅၀၀၀/- ကျပ်၊ဝယ်စျေး ၂၈၇၀၀၀၀/- ကျပ်ဖြင့်စျေးပိတ်ပြီးအမေရိကန် တစ်ဒေါ်လာ sell 2860 ကျပ်၊ buy 2850 ကျပ်ဖြင့်စျေးကွက်ပိတ်သွားပါသည်။

အထက်ပါဖော်ပြထားသောစျေးနှုန်းများမှာကြားသိရှိရသမျှ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။ အရောင်းအဝယ်မလုပ်ပါ။အချိန်နှင့်အမျှ စျေးနှုန်းပြောင်းလဲနိုင်ပြီး တစ်ဆိုင်နှင့်တစ်ဆိုင်စျေးနှုန်းများအနည်းငယ်ကွာဟနိုင်ပါသည်။