လွယ်လွယ်ကူကူထမင်ပေါင်းအိုးနဲ့သီးစုံထောပတ်ထမင်းချက်နည်း
လွယ်လွယ်ကူကူထမင်ပေါင်းအိုးနဲ့သီးစုံထောပတ်ထမင်းချက်နည်း
ထောပတ်ထမင်းတွင်ပါဝင်ပစ္စည်းမျာ
၁။ဆန် နို့ဆီဘူး2လုံး (ရေဖြင့် ဆေးထားပေးပါ)
၂။ထောပတ် 80 ဂရမ်
၃။မုန်လာဥနီ 1ခွက်စာ (အတုံးလတ်များ တုံးပါ)
၄။ပဲသီးအစိမ်းလုံး1ခွက်စာ
၅။စပျစ်သီးခြောက်အညို 1ခွက်စာ
၆။သီဟိုဌ်စေ့ 1ခွက်စာ (ထက်ခြမ်းခြမ်းထားပါ)
၇။ပြောင်းဖူးစေ့ အနည်းငယ်
၈။ကြက်သွန်နီ 2လုံး (ပါးပါးလှီးပါ)
၉။ကလေဝရွက် 3ရွက်
၁၀။သစ်ဂျပိုး ခေါက်၁ခု
၁၁။လေညှင်းပွင့် 2ခု
၁၂။ဆားလက်ဖက်ရည်ဇွန်း 3ဇွန်း
၁၃။ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း 3ဇွန်း
၁၄။ငရုတ်ကောင်းမှုန့် – အနညးငယ်
ချက်ပြုတ်နည်း
ဒယ်ထဲထောပတ်များကို ထည့်ပြီ ထောပတ် အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။
ပြီနောက်သစ်ဂျပိုး၊ကလေဝရွက်၊ လေညှင်း၊ထည့်ပြီ၁မိနစ်ခန့် ရောမွှေပေးပါ။
ပြီမှသီဟိုဌ်စေ့၊မုန်လာဥနီ၊ ပဲသီး(သို့)ဘိုစားပဲ၊ ပြောင်းဖူးတို့ထည့်ပြီနောက်ထပ် 1မိနစ်ခန့်တည်ထားပါ။
ထို့နောက်ဆန်ထည့်ထားသော Rice Cooker ထဲသို့ ဒယ်ထဲမှ ထောပတ်ရည်၊ မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊သီဟိုဌ်စေ့၊ စပျစ်ခြောက် တို့ကို လောင်းထည့်လိုက်ပါ။
ရေ၊ ဆား၊ ကြက်သားမှုန့်တို့ကိုထည့်ပြီထမင်းရိုးရိုးချက်သလိုပဲချက်ပေးပါ။ ထောပတ်ထမင်းကျက်ပြီဆိုလျှင် သမအောင်ယောက်မဖြင့် ရောမွှေလိုက်ပါ။
ထို့နောက်အရသာအနေတော်လျှင်အရသ ရှိသောထောပတ်ထမင်းကို ကြက်သားဟင်း၊ ငပိကြော်၊ ချဉ်ပေါင်ရွက်ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီရှင့်
ဖိုလ်တိုခရက်ဒစ်
ထောပတ်ထမင်းတွင်ပါဝင်ပစ္စည်းများ
၂။ထောပတ် 80 ဂရမ်
၉။ကလေ၀ရွက် 3ရွက်
၁၀။သစ်ဂျပိုး ခေါက်၁ခု
၁၁။လေညှင်းပွင့် 2ခု
ချက်ပြုတ်နည်း
ဖိုလ်တိုခရက်ဒစ်
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *