သင်္ကြန်ကာလအတွက် အဝေးပြေး ကားလက်မှတ်တွေကြိုတင်မရောင်းဖို့ ကြီးကြပ်နေတယ်လို့ပြော

သင်္ကြန်ကာလအတွက် အဝေးပြေး ကားလက်မှတ်တွေကြိုတင်မရောင်းဖို့ ကြီးကြပ်နေတယ်လို့ပြော

သင်္ကြန်ကာလအတွက် အဝေးပြေးကား လက်မှတ်တွေကိုလနဲ့ချီပြီးကြိုတင်ရောင်းချတာ၊ပွဲစားတွေနဲ့ ရောင်းချတာမျိုးမရှိအောင်ကြီးကြပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)က သိရပါတယ်။

ရန်ကုန်ရှိ အောင်မင်္ဂလာအဝေးပြေးဝန်းနဲ့ ဒဂုံဧရာအဝေးပြေးဝန်းကနေသင်္ကြန်ကာလတိုင်းနဲ့ ပြည်နယ်အသီးသီးကို သွားလာကြမယ့်ခရီးသွားပြည်သူတွေကိုသတ်မှတ်ယာဉ်စီးခနှုန်းထားတွေထက် ပိုမိုတိုးမြှင့်ရောင်းချတာမျိုးမပြုလုပ်ဖို့ကိုလည်း သက်ဆိုင်ရာယာဉ်လိုင်းတာဝန်ရှိသူတွေကို ခေါ်ယူမှာကြားထားတယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။

လက်ရှိရန်ကုန်ကနေသင်္ကြန်ကာလနေရပ်ပြန်ကြမယ့်သူတွေက အဝေးပြေးကားလက်မှတ်ဝယ်ရာမှာ အလွယ်တကူဝယ်မရတဲ့အခက်အခဲတွေရှိနေပြီးနီးစပ်ရာအရောင်းဌာနခွဲတွေမှာဝယ်မရဘဲသတ်မှတ်နေရာဂိတ်သို့ ဦးသူစနစ်နဲ့ကန့်သတ်အရေအတွက်တိုင်းသွားရောက်ဝယ်ယူရမှာဖြစ်လို့ ပွဲစားတွေကရှိလာဦးမှာပဲလို့ ခရီးသည်တချို့ကပြောပါတယ်။

ယာဉ်လိုင်းတချို့ကတော့သင်္ကြန်ကာလပိတ်ရက်အတွက်ကားလက်မှတ်ရောင်းချမယ့်ရက်ကို ကြိုတင်ကြေညာထားတာမျိုးရှိပေမယ့် ရောင်းချမယ့်ဈေးနှုန်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ကားလက်မှတ်တွေကိုဝယ်ယူတဲ့အခါမှာ မှတ်ပုံတင်မူရင်းပြပြီးမှဝယ်ယူနိုင်မယ်လို့ ကြေညာထားပါတယ်။

“သင်္ကြန်ကာလဆိုရင် ကားလက်မှတ်ခပိုယူတာက ထုံးစံလိုဖြစ်နေပြီ၊ ကိုယ်တွေကလည်း မဖြစ်မနေသွားရမှာဖြစ်နေတော့ ပိုတောင်းလည်း ပေးနိုင်တဲ့ပမာဏဆိုပေးလိုက်ရတာပဲ။ လက်မှတ်ရဖို့က အဓိကဆိုတော့”လို့ ခရီးသည်တစ်ဦးကပြောပါတယ်။

23yj

သင်္ကြန်ကာလအကြောင်းပြပြီး အဝေးပြေးယာဉ်တွေအပြင် YBS ယာဉ်တွေကပါ ယာဉ်စီးခပိုတောင်းရင် တိုင်ကြားနိုင်တယ်လို့ YRTC ကပြောကြားထားပြီး မတ်လအတွင်း ရန်ကုန်မှ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၂၀၀ ကျော်မှ ယာဉ်အစီးရေ ၆၀၀ ကျော်နဲ့ ခရီးသည်တွေ သယ်ယူပို့ဆောင်ပေးနေတယ်လို့ YRTCက ထုတ်ပြန်ထားပါတယ်။

Facebook Comments Box