လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့ (၁၀၀)စာရင်းတွင်အဆင့် ၁၁နေရာမှာရှိနေသည့် ရန်ကုန်မြို့
ကမ္ဘာတစ်ဝန်း လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့များအနက် ရန်ကုန်မြို့က အဆင့် ၁၁နေရာမှာရှိနေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးစစ်နည်းပညာကုမ္ပဏီ IQ Air က ထုတ်ပြန်လိုက်ပါတယ်။




ကမ္ဘာတစ်ဝန်း လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့ ၁၀၀ စာရင်းကိုဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးစစ်နည်းပညာကုမ္ပဏီ IQ Air က မတ်လ ၁၂ရက်နေ့ ည ၉နာရီအချိန်မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။




လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့ ၁၀၀စာရင်းမှာ အိန္ဒိယနိုင်ငံ ဒေလီမြို့က အဆင့် ၁နေရာနဲ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က အဆင့် ၂နေရာမှာရှိနေကာရန်ကုန်မြို့ကအဆင့်၁၁နေရာမှာပါဝင်နေတယ်လို့ ဆိုထားပါတယ်။




လေထုညစ်ညမ်းမှုအား အစိမ်းရောင်၊အဝါရောင်၊လိမ္မော်ရောင်၊အနီရောင်၊ခရမ်းရောင်နဲ့ အညိုရောင်ဟူ၍ အဆင့် ၆ဆင့်သတ်မှတ်ထားကာရန်ကုန်မြို့သည်လိမ္မော်ရောင်အဆင့်မှာရောက်ရှိနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာရန်ကုန်မြို့သည် လိမ္မော်ရောင်အဆင့်အနေနဲ့ ခံနိုင်ရည်နည်းပါးသူများကို ထိခိုက်သည့်အဆင့်ရှိနေကာ မတ်လ ၁၀ရက်နေ့အထိ ကျန်းမာရေးထိခိုက်သည့် အနီရောင်အဆင့်မှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။