ယနေ့ ကမ္ဘာ့ရွှေစျေးမြင့်တက်လာခြင်း၏အကြောင်းအရင်း
ယနေ့တွင်ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီးအသင်း၏ရည်ညွှန်းစျေးနှုန်းမှာလည်းအကယ်ဒမီမီလင်းရွှေတစ်ကျပ်သားလျှင် ၂၂ သိန်းအထက်တွင်ရှိလာကြောင်းသိရသည်။” အဓိကတော့ကမ္ဘာ့ရွှေဈေးတက်လို့ တက်လာတာပေါ့။
အမေရိကန်က Signature Bank ကဒေဝါလီခံလိုက်တော့ပြည်တွင်းမှာလည်းစျေးအပြောင်းအလဲဖြစ်လာတာပေါ့။စျေးအပြောင်းအလဲရှိပေမယ့်အရောင်းအဝယ်ကတော့အေးပါတယ်။စျေးမြင့်တက်တာတစ်ခုပဲရှိတယ်”ဟုရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
အမေရိကန်ရှိ Signature Bank ပိတ်သိမ်းသွားမှုကြောင့်ကမ္ဘာ့ရွှေဈေးမှာလည်းမြင့်တက်လာပြီးယနေ့မတ်လ(၁၃) ရက်တွင်တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၃ ကျပ်ဖြစ်ပြီးရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းစျေးနှုန်းမှာလည်း ၂၂၁၈၄၀၀ ရှိကြောင်းသိရသည်။
ယင်းအပြင် ပြင်ရွှေစျေးကွက်နှင့်ငွေကြေးစျေးကွက်အတွင်း၌လည်း ရွှေစျေးနှုန်းမြင့်တက်နေပြီး ငွေလဲနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာကြောင်းသိရသည်။စျေးကွက်တွင်းမှသုံးသပ်သူအချို့ကတော့ US ဘဏ်များပြိုလဲမူနောက်ဆက်တွဲအနေဖြင့်မြန်မာတွင် ဒေါ်လာစျေး ကျနိုင်ကြောင်းယူဆသူများလည်းရှိနေသည်။
ယနေ့ ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်း၏အကြောင်းအရင်း
အမေရိကန်က Signature Bank ကဒေဝါလီခံလိုက်တော့ပြည်တွင်းမှာလည်းဈေးအပြောင်းအလဲဖြစ်လာတာပေါ့။ဈေးအပြောင်းအလဲရှိပေမယ့်အရောင်းအဝယ်ကတော့အေးပါတယ်။ဈေးမြင့်တက်တာတစ်ခုပဲရှိတယ်”ဟုရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
အမေရိကန်ရှိ Signature Bank ပိတ်သိမ်းသွားမှုကြောင့်ကမ္ဘာ့ရွှေဈေးမှာလည်းမြင့်တက်လာပြီးယနေ့မတ်လ(၁၃) ရက်တွင်တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၃ ကျပ်ဖြစ်ပြီးရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာလည်း ၂၂၁၈၄၀၀ ရှိကြောင်းသိရသည်။
ယင်းအပြင် ပြင်ရွှေဈေးကွက်နှင့်ငွေကြေးဈေးကွက်အတွင်း၌လည်း ရွှေဈေးနှုန်းမြင့်တက်နေပြီး ငွေလဲနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာကြောင်းသိရသည်။ဈေးကွက်တွင်းမှသုံးသပ်သူအချို့ကတော့ US ဘဏ်များပြိုလဲမူနောက်ဆက်တွဲအနေဖြင့်မြန်မာတွင် ဒေါ်လာဈေး ကျနိုင်ကြောင်းယူဆသူများလည်းရှိနေသည်။