လက်တလော ဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေစျေးကွက်အခြေအနေ




ကမ္ဘာ့ရွှေဈေးနှင့်ပြင်ပရွှေဈေးကွက်အတွင်းရွှေဈေးအနည်းငယ်တတ်နေသော်လည်းဈေးကွက်အတွင်းအရောင်းအဝယ်မရှိအေးနေကြောင်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကသိရသည်။“ ဈေးကွက်ထဲမှာ အရောင်းအဝယ်ကမရှိသလောက်ကိုအေးနေတာ။




ကမ္ဘာ့ရွှေဈေးအတက်အကျရှိနေပေမယ့် ပြည်တွင်းမှာတော့ ပုံမှန်လိုပဲဈေးကငြိမ်နေတဲ့သဘောတော့ရှိပါတယ်။ အေးနေတာပေါ့”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌကပြောသည်။မနေ့က(မတ်လ ၁၁ ရက်)ကမ္ဘာ့ရွှေဈေးတစ်အောင်စတွင်ဒေါ်လာ ၁၈၆၆ ဖြစ်ပြီး




အသင်းကထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၁၉၈၃၀၀ ရှိကြောင်းသိရသည်။ယင်းအပြင် ဗဟိုဘဏ်ပြင်ပငွေကြေးဈေးကွက်အတွင်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၂၈၆၇ ကျပ်ဖြစ်ပြီး

ယနေ့ မတ်လ (၁၂)ရက်နေ့ ပြင်ပရွှေဈေးကွက်အတွင်းမှာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၈ သိန်းခွဲအထက်တွင်ရှိနေကြောင်းသိရသည်။၁၅ပဲရည်ရွှေစျေးအနေဖြင့်၂၆သိန်း၇သောင်းဝန်းကျင်ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။