ရုပ်ရှင်အကယ်ဒမီဆန်ခါတင်စာရင်းထုတ်ပြန်ရာတွင် မင်းမော်ကွန်း ၊ဒေါင်းနှင့် ဇဏ်ခီ အပါအဝင် ပုဒ်မ ၅၀၅ဖြင့် တိမ်းရှောင်နေသော သရုပ်ဆောင်များနှင့် ဒါရိုက်တာများ ၏ဇာတ်ကားများပါဝင်နေ

ရုပ်ရှင်အကယ်ဒမီဆန်ခါတင်စာရင်းထုတ်ပြန်ရာတွင် မင်းမော်ကွန်း ၊ဒေါင်းနှင့် ဇဏ်ခီ အပါအဝင် ပုဒ်မ ၅၀၅ဖြင့် တိမ်းရှောင်နေသော သရုပ်ဆောင်များနှင့် ဒါရိုက်တာများ ၏ဇာတ်ကားများပါဝင်နေ

၂၀၁၉ ခုနှအတွက်ရုပ်ရှင်အကယ်ဒမီ ဆန်ကာတင်စာရင်းတွင်ပါဝင်သည့်ရုပ်ရှင်ဇာတ်ကားပေါင်း (၂၉) ကားကိုအကယ်ဒမီရွေးချယ်ရေးအဖွဲ့ကထုတ်ပြန်ထားပြီး အဆိုပါစာရင်းထဲတွင်ပုဒ်မ ၅၀၅ ဖြင့် တိမ်းရှောင်နေရသည့်သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့်ထောင်ဒဏ်ကျခံနေရသည့်သရုပ်ဆောင်များ၊ ဒါရိုက်တာများ၏ဖန်တီးမှုဇာတ်ကားများပါဝင်နေကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့၏ထုတ်ဖော်ပြောကြားလာသည့် အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင်ရုံတင်ပြသခဲ့သည့်ရုပ်ရှင်ဇာတ်ကားပေါင်း (၉၇)ကားအနက်မှပထမအကြိမ်အကဲဖြတ်ကြည့်ရှုပြီးဆန်ကာတင် (၂၉) ကားကိုစီစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ ဆန်ကာတင်(၂၉)ကားတွင်အကယ်ဒမီကျော်သူပါဝင်သရုပ်ဆောင်ထားသည့် “ကျောမှာဂဠုန် ရင်မှာနဂါး” ၊

” ၁၀၁၄” ၊ အကယ်ဒမီမင်းမော်ကွန်းပါဝင်သရုပ်ဆောင်ထားသည့်” နိုင်ငံကြီးသား”၊” ထာဝရထက် နှစ်ဆ”၊ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် “၁၀၁၄”၊ ” လိပ်ပြာစံအိမ်” ၊ “ဒဏ္ဍာရီမိုး”၊ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ” ရိုးမပေါ် ကျတဲ့မျက်ရည်”၊သရုပ်ဆောင် ဇာဏ်ခီ ပါဝင် သရုပ်ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” ၊

သရုပ်ဆောင်ဖွေးဖွေး ပါဝင်သရုပ်ဆောင်ထားသည့်” သူစိမ်းအိမ်”၊” လှပ်၍ – လွင့်သော” ၊ ” ပပဝတီ စီရင်ခန်း”” ကြာတော့သည်လည်း မောင့်စကား” ၊သရုပ်ဆောင် ပိုင်ဖြိုးသုပါဝင်သရုပ်ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” စသည့် ဇာတ်ကားများပါဝင်နေကြောင်းသိရသည်။ထို့အပြင်ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင်ရဲတိုက်ပါဝင်သရုပ်ဆောင်ထားသည့် “ဒဏ္ဍာရီမိုး” ဇာတ်ကားသည်လည်း

အကယ်ဒမီဆန်ကာတင်ဇာတ်ကား (၂၉) ကားစာရင်းတွင်ပါဝင်ကြောင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ထံမှသိရသည်။အဆိုပါ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ပြန်လည်ချီးမြှင့်မည့်အစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်ဒါရိုက်တာပန်းချီစိုးမိုးနှင့် မေးမြန်းခန်းတစ်ခုတွင်၎င်းက ယခုလို ပြောကြားထားသည်။

” နိုင်ငံရေးကနိုင်ငံရေးသမားတွေလုပ်လိမ့်မယ်။ ကျွန်တော်တို့ အလုပ်မဟုတ်ဘူး ။ ကျွန်တော်တို့က အနုပညာသမား ၊အနုပညာအလုပ်ပဲလုပ်မယ်။အကယ်ဒမီပေးပွဲဟာဖြစ်သင့်ဖြစ်ထိုက်လုပ်သင့်လုပ်ထိုက်လို့လုပ်ဖြစ်တာပါ။ရုပ်ရှင်လောကရဲ့တိုးတတ်ရာတိုးတတ်ကြောင်းပျက်ပြီးပျောက်သွားတာမျိုး မဖြစ်အောင်ကျွန်တော်တို့မှာတာ၀န်ရှိပါတယ်” ဒါရိုက်တာ ပန်းချီစိုးမိုးကပြောကြားထားတယ်သိရှိရပါသည်။

ပရိုဂျူဆာတစ်ဦးက”အနုပညာရှင်တွေအပြင်အတတ်ပညာရှင်တွေလည်းမနစ်နာစေချင်လို့ အကယ်ဒမီစိစစ်ကြည့်ရှုဖို့သဘောတူခဲ့တာ”ဟုဆိုသည်။လက်ရှိတွင် အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့အနေဖြင့်ဆန်ကာတင်ဇာတ်ကား (၂၉) ကားကိုဒုတိယအကျော့အနေဖြင့် ကြည့်ရှုအကဲဖြတ်လျက်ရှိကြောင်းလည်းသိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ (အကယ်ဒမီပေးပွဲ) အခမ်းအနားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတင်ကာ ကိုဗစ် ၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းများအရ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပရန် ပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။

Facebook Comments Box