(၃) နှစ်ကြာမှ ပြန်လည်ကျင်းပမည့် အကယ်ဒမီဆုပေးပွဲ သင်္ကြန်အပြီးတွင် ကျင်းပမည်
နေပြည်တော်မှာကျင်းပမယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကို ဧပြီလ ၂၉ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ် သိရှိရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို၃ နှစ်ကြာမှ ပြန်လည်ကျင်းပမှာဖြစ်ကြောင်းရုပ်ရှင်အစည်းရုံးရဲ့သတင်းထုတ်ပြန်မှုတွေအပြီး




ရွှေကြိုမောင်မယ်တွေခေါ်ယူမယ့်အကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးကကြေငြာလိုက်ပါတယ်။၂၀၁၉ ၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက်အကယ်ဒမီရွှေကြိုလျှောက်ထားလိုသူတွေကို မတ်လအတွင်း လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။




ရွှေကြိုအဖြစ်ယှဉ်ပြိုင်အရွေးချယ်ခံလိုတွေအနေနဲ့ လျှောက်လွှာတွေကို မတ်လ ၁၃ ရက်နေ့မှာ စတင်ထုတ်ယူနိုင်မှာဖြစ်ပြီးမတ်လ ၂၄ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာတွေကို တင်သွင်းရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။




လျှောက်လွှာများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ် – ၁၆၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်တွင် ထုတ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
(၃) ႏွစ္ၾကာမွ ျပန္လည္က်င္းပမည့္ အကယ္ဒမီဆုေပးပြဲ သၾကၤန္အၿပီးတြင္ က်င္းပမည္

ေနျပည္ေတာ္မွာက်င္းပမယ့္ ျမန္မာ့႐ုပ္ရွင္ အကယ္ဒမီေပးပြဲကို ဧၿပီလ ၂၉ ရက္ေန႔မွာ က်င္းပမွာျဖစ္တယ္ သိရွိရပါတယ္။ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲ ကို၃ ႏွစ္ၾကာမွ ျပန္လည္က်င္းပမွာျဖစ္ေၾကာင္း႐ုပ္ရွင္အစည္း႐ုံးရဲ႕သတင္းထုတ္ျပန္မႈေတြအၿပီး
ေ႐ႊႀကိဳေမာင္မယ္ေတြေခၚယူမယ့္အေၾကာင္းျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း႐ုံးကေၾကျငာလိုက္ပါတယ္။၂၀၁၉ ၊ ၂၀၂၀၊ ၂၀၂၂ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲအတြက္အကယ္ဒမီေ႐ႊႀကိဳေလွ်ာက္ထားလိုသူေတြကို မတ္လအတြင္း ေလွ်ာက္ထားႏိုင္ၿပီျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ႐ုပ္ရွင္ အစည္းအ႐ုံးက ထုတ္ျပန္ထားပါတယ္။
ေ႐ႊႀကိဳအျဖစ္ယွဥ္ၿပိဳင္အေ႐ြးခ်ယ္ခံလိုေတြအေနနဲ႔ ေလွ်ာက္လႊာေတြကို မတ္လ ၁၃ ရက္ေန႔မွာ စတင္ထုတ္ယူႏိုင္မွာျဖစ္ၿပီးမတ္လ ၂၄ ရက္ေန႔ ေနာက္ဆုံးထားကာ ေလွ်ာက္လႊာေတြကို တင္သြင္းရမယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
ေလွ်ာက္လႊာမ်ားကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ အမွတ္ – ၁၆၊ ဝကၤပါလမ္း၊ ဗဟန္းၿမိဳ႕နယ္တြင္ ထုတ္ယူႏိုင္မွာလည္းျဖစ္ပါတယ္။