နှစ်ပေါင်း (၃၀၀)သက်တမ်းရှိပြီး တိုင်းပေါင်း နှစ်ရာနဲ့တည်ဆောက်ထားတဲ့ ရှေးဟောင်းကျောင်းတော်ကြီး
ဓနုမြေမှာ ဒီလို ကျောင်းတော်ကြီးတွေကို ရှိနေသေးတယ်ဆိုတာအရင်ကမသိခဲ့ပါဘူး။သူငယ်ချင်းတစ်ပါး မိမိဆီ အလည်လာရင်း ပင်းတယ ကုံလုံစံကျောင်းကို ဘုရားဖူး ပို့ပေးတာကနေဒီရှေးဟောင်းကျောင်းတော်ကိုရောက်ခဲ့တာပါ။




ဒီရှေးဟောင်းကျောင်းတော်ကြီးက ပင်းတယမြို့ အရှေ့ဖက် သစ်အယ်ပင်ရွာ သစ်အယ်ပင် ဘုန်းတော်ကြီးကျောင်း ဖြစ်ပါတယ်။သစ်အယ်ပင်ရွာက အသိဒါယကာဆီအလည်ကြွရင်းအသိဒါယကာပို့ပေးလို့ ရှေးဟောင်း ကျောင်းတော်ကြီးကိုရောက်ခဲ့တာဖြစ်ပါတယ်။




သစ်အယ်ပင်ရွာက အိမ်ခြေ (၄၀၀)ကျော် ရှိတဲ့ရွာကြီးတစ်ရွာဖြစ်ပါတယ်။ ဓနုတောင်ရိုးလူမျိုးတွေ အတူတကွစုပေါင်းပြီးနေထိုင်တဲ့ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။သစ်အယ်ပင်ရွာကြီးက စည်းကမ်းရှိသောဘာသာ သာသနာကို ကိုင်းရှိုင်းသော ရွာကြီးတစ်ရွာဖြစ်ပါတယ်။




ကျောင်းတော်ကြီးရဲ့ သက်တမ်းကိုမေးကြည့်တာရွာကအသက် ၉၀ ဆယ်ကျော်ဒါယကာကြီး ပြောတာကတပည့်တော်တို့ မွေးကတည်းက … ဒီကျောင်းတော်ကြီးကရှိနေပြီးသားပါဘုရား။တပည့်တော်တို့ အဖေ အမေတွေက ပြောပြခဲ့တာလည်းတပည့်တော်တို့ အဖေအမေတို့ ငယ်ကတည်းကရှိနေပြီးသားလို့ပြောပါတယ်ဘုရား။




ကျောင်းတော်ကြီးရဲ့ သက်တမ်းကို ခန့်မှန်းရရင် နှစ်ပေါင်း(၃၀၀) ကျော်ပြီဘုရားလို့သစ်အယ်ပင်ရွာခံ အသက်အကြီးဆုံး ဒါယကာက ပြောပြပါတယ်။ဒီလိုဆိုဒီကျောင်းတော်ကြီးက နှစ်ပေါင်း ၃၀၀ ကျော်ပြီးတာဖြစ်နိုင်ပါတယ်။

ကျောင်းတော်ကြီးမှာကျောင်းတော်ကြီး တည်ဆောက်ခဲ့သည့် ရက်စွဲ နေ့ရက်တွေမတွေ့မိတာကနှစ်ပေါင်းဘယ်လောက်ရှိပြီလဲဆိုတာတော့ မသိနိုင်ပါဘူး။ကျောင်းတော်ကြီးဟာ အရင်က မြေစိုက်တိုင်တွေနဲ့ တည်ဆောက်ခဲ့တဲ့အတွက် နှစ်ပေါင်းကြာညောင်းတဲ့အခါတိုင်ခြေရင်းကတဖြေးဖြေး ဆွေးမြေ့လာလို့ခုချိန်မှာတိုင်အောက်မှာကွန်ကရစ်လောင်းပြီးတိုင်ခြေကို ပြန်မြင့်ထားတာတွေ့ရပါတယ်။

ဒါကြောင့် သစ်အယ်ပင် ရှေးဟောင်းကျောင်းတော်ကြီးသည် ဓနုမြေအတွက် တန်ဖိုးဖြတ်လို့ မရသော ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်ပါတယ်။ဓနုမြေမှ လူကြီးများလည်း ရှေးဟောင်းကျောင်းတော်ကြီးကို ထိန်းသိမ်းစောင့်လျှောက်ပေးကြပါ။
သစ်အယ်ပင်ရွာမှ ဆရာတော် သံဃာတော်များ ရပ်မိရပ်ဖ ရွာသူရွာသားများ ရှေးဟောင်းကျောင်းတော်ကြီး ထိန်းသိမ်း စောင့်လျှောက်ပေးကြပါ။ဒီသစ်အယ်ပင် ရှေးဟောင်းကျောင်းတော်ကြီးသည် ဓနုမြေမှ တန်ဖိုးဖြတ်၍ မရနိုင်သော ဓနုလူမျိုးတို့အတွက် အမွေအနှစ်တစ်ခုဆိုတာ သိစေချင်ပါတယ်။

Credit … ရွှေပြည်သျှင် (သာမိုင်းခမ်း)