တိုင်းနှင့် ပြည်နယ် (၁၀)ခုတွင် အချိန်အခါမဟုတ် နွေဦးမိုးများရွာမည်

တိုင်းနှင့် ပြည်နယ် (၁၀)ခုတွင် အချိန်အခါမဟုတ် နွေဦးမိုးများရွာမည်

မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှမတ် ၁၃ ရက်မှ၁၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ်၁၀ ခု၌ချိန်ခါမဟုတ်မိုးရွာသွန်းနိုင်သည်ဟုအသိပေးထုတ်ပြန်ခဲ့သည်။

မတ် ၁၃ ရက်မှ ၁၅ ရက်အတွင်းအနောက်ဘက်မှရွေ့လျားလာသည့်လေပွေလှိုင်းများ၏အရှိန်၊ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်အရှေ့ဘက်မှရွေ့လျားလာသည့် လေအေးများတွေ့ဆုံမှုတို့ကြောင့်ချိန်ခါမဟုတ်မိုးရွာသွန်းနိုင်မည်ဖြစ်ဟုအသိပေးခဲ့သည်။

မိုးလေဝသပညာရှင်မလေး စုစုစံမှလည်း လာမည့် မတ်လ ၁၃ရက်နေ့မှ ၁၅ရက်နေ့အတွင်း နွေဦးမိုးတွေရွာဦးမယ် ရိတ်သိမ်းစရာရှိသည့် တောင်သူများ ကြိုတင်ကာကွယ်နိုင်ရန်လည်းသတိပေးထားပါသည်။အချိန်အခါမဟုတ်မိုးရွာသွန်းမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ-

ရန်ကုန်တိုင်း၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ပဲခူး တိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ် ပဲခူးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်

ကယားပြည်နယ်တွေမှာထစ်ခြုံးမိုးတွေရွာနိုင်ကာ ရှမ်းပြည်နယ်မှာ မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်ပေးခဲ့သည်။ချိန်ခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း ၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်၍ သတိပြုသွားလာကြရန်လည်း အသိပေးထားသည်။

Facebook Comments Box