ဘိလပ်မြေမပေါ်ပေါက်မီက မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်ဖော်စပ်ခဲ့သည့် မြန်မာ့ရိုးရာ အင်္ဂတေ




ဘိလပ်မြေ မပေါ်ပေါက်မီ ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊အင်္ဂတေကိုသုံးစွဲခဲ့ကြစဉ်ကမြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာအင်္ဂတေကိုမြန်မာ့နည်း မြန်မာ့ဟန်ဖြင့်ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။ပုဂံခေတ် အင်္ဂတေစပ်နည်းကတော့အုံတုံအပင်ကအခေါက်ကိုခွာပြီးကြိုရတဲ့အရည်ငါးဆ ကျွဲကော်ရည် (ကျွဲသားရေ နွားသားရေ ကြိုပြီး ရတဲ့အရည်) ခြောက်ဆ၊




ဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊ တင်လဲရည် နှစ်ဆတို့နဲ့ ထုံးနဲ့သဲ ဇတူစပ်ပြီး အင်္ဂတေကို ပြုလုပ်ကြပါတယ်။နောက်တစ်နည်းကကျွဲကော်၊ရေ၊ အုံတုံ၊ဥသျှစ်၊နွားနို့အသစ်၊လက်ပံရေ၊ကောက်ညှင်း၊ ထမင်းနယ်ပျားရည်၊ရှားစောင်းသဖန်းခါး၊လက်ပံသီးကရတဲ့လဲဝါချဉ်ရည် စတဲ့အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။




နောက်တနည်းက ကျွဲကော်ရည်၊ အုံတုံ၊ ဥသျှစ်၊ နွားနို့၊ လက်ပံတရော်၊ ကောက်ညှင်း၊ ထမနဲပျားရည်၊ တင်လဲဖုတ်ခြောက်ချင်ရွေးရှားစောင်း၊သဖန်းခါးလက်ဝါ စတဲ့ဆယ်မျိုးကိုဆယ့်နှစ်ခါ ပြန်ထောင်းပြီး ပြုလုပ်ပါတယ်။
“ အုံတုံသတ္တ၊ နဝကျွဲကော်
ဒွေးနော်တင်လဲ ၊ အုတ်သျှစ်ခွဲနှင့်
လဲဝါတစ်ဆုတ်၊ ဆီတစ်မှုတ်ကို
မယုတ်စုပေါင်း ညက်စွာထောင်းတော့
ဥသျှစ်ဧကေး၊ တင်လဲဒွေးနှင့်
အုံတုံပဉ္စ၊ ကျွဲကော်ဆ
မှတ်ကြ အင်္ဂတေ ”




အထက်ဖော်ပြပါ အလင်္ကာသည်အင်္ဂတေဖော်စပ်နည်းသံပေါက်များမှာများစွာသောဖော်စပ်နည်းများမှ ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။ကမ္ဘာကျော် ရွှေတိဂုံစေတီတော်ကြီးတည်ရာမှာအသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကတော့ကြဇုသီးတစ်ဆ၊တင်လဲနှစ်ဆ၊ ဥသျှစ်သုံးဆ၊ ကျွဲကော်ရည်ခြောက်ဆ၊ အုံတုံဆယ့်နှစ်ဆကို ရောပြီး ကော်ရည်ကို စပ်ပါတယ်။

ရလာတဲ့ ကော်ရည်ကို အချိုးညီတဲ့ (ဆတူ)သဲနဲ့ထုံးတို့ ရောစပ်ပြီး မောင်းနဲ့ တခါထောင်း၊ အဲ့ဒီမှာ အင်္ဂတေ ရပါတယ်” အဲ့ဒီ မယ်ကြဇုသီးကို သုံးတာက ထုံးသည် အုတ်ကို စားခြင်းကနေ ကာကွယ်ဖို့၊ တင်လဲကြတော့ အင်္ဂတေကို မာစေဖို့၊ ဥသျှစ်ကြတော့ ခိုင်ခံ့ပြီး အရောင်ကောင်းစေဖို့ ဖြစ်ပါတယ်။
မြန်မာ့ အင်္ဂတေသည်လည်း အခြား ကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲကြသည့် Lime Motor များနည်းတူထုံးနှင့် သဲကိုပင် အခြေခံပါသည်။သို့သော် မြန်မာ့အင်္ဂတေ၏ ထူးခြားမှုမှာ အင်္ဂတေအား အုတ်လွှာများနှင့် ကောင်းစွာတွဲကပ်စေရန်အတွက်

ကျွဲကော်ရည်၊ အုံတုံ ခေါက်ပြုတ်ရည်၊ တင်လဲရည်၊ ဥသျှစ်စေး၊အစရှိသော Organic Glue များနှင့် ကောင်းစွာသမအောင်ရောစပ်ပြီးအသုံးပြုခဲ့ကြသည်။ထုံးတစ်တင်းနှင့်သဲတစ်တင်းမှာအခြေခံ
ဖြစ်ပြီး အပိုထည့်သွင်းသော Additive များကို သံပေါက်စပ်၍ မှတ်သားခဲ့ကြသည်။
ဒါကတော့ ရှေးမြန်မာတို့ရဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို တည်ထား ဆောက်လုပ်တဲ့အခါ အဓိကသုံးရမဲ့ အင်္ဂတေကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တီထွင်ကြံဆလုပ်ခဲ့ကြတဲ့ ပြုလုပ်ပုံ သမိုင်းအကျဉ်းလေး ဖြစ်ပါတယ်။

အခြားပြုလုပ်ပုံ တည်ဆောက်ပုံတွေလည်း ရှိနိုင်သေးပေမဲ့ လေ့လာမိသလောက် ဗဟုသုတ ရစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။
Credit … KoKo နော်ဂဲလယ်ထူး (စာပေပရဟိတ)