တိရိစ္ဆာန်တွေမှ ပြောပြသည့် ခေတ်ပျက် နိမိတ်များ
ကြက်တွေအိပ်တန်း မမှန်တော့ရင်၊ကျီးတွေညပိုင်း အော်ဟစ်ဆူညံကြရင်၊ခွေးတွေ နေ့ည အူသံပေးရင် သေချာပြီခေတ်ပျက်မယ်ဆိုတဲ့နိမိတ်။ပတ်ဝန်းကျင်ကို သတိထားမိကြရဲ့လား။ကြက်တွေအိပ်တန်းမှန်နေသေးရင်၊ကျီးတွေ အရုဏ်မတက်ခင်မှာအသံကြားနေရရင်၊




ခွေးတွေ နေ့ညရက်ဆက် အူသံ မကြားရရင် ခေတ်ဆိုတာ မပျက်သေးဘူးဆိုတဲ့ နိမိတ်ပါပဲ။ဒါကို ရှေးပညာရှိတွေကခေတ်ပျက်ခြင်းနိမိတ်သုံးမျိုးဆိုပြီး ကဗျာလေး စီထားခဲ့ကြပြန်တယ်။ “ရောခွေး•ဒုကြက်•ဝဂ်သတ်” တဲ့။




ရောခွေး ဆိုတာက ရောဂန္တရ ရောဂါကပ်ဘေးကြီးတစ်ခုကျရောက်လာတော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာ ရှိကြတဲ့ခွေးတွေဟာလမ်းမပေါ်ကိုထွက်ကြပြီး နေ့ညမပျက် အူနေကြသတဲ့။
ဒုကြက် ဆိုတာကဒုဗ္ဘိက္ခန္တရငတ်မွတ်ခေါင်းပါးခြင်းကပ်ကြီးတစ်ခုကျရောက်တော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့်တစ်လောကလုံးမှာရှိကြတဲ့ကြက်တွေဟာအိပ်တန်း မမှန်ကြတော့သလို ကျီးတွေဟာလည်းနေ့ညမပျက်အော်ဟစ်ပြီးတော့နေကြသတဲ့။




ဝဂ်သတ် ဆိုတာကဝဂျဆိုတာဝဂ္ဂဆိုတဲ့ ပါဠိကနေ လာတာ။ အဓိပ္ပါယ်ကအပေါင်းစုအဖွဲ့အစည်း ဖြစ်ပါတယ်။အဲဒီဝဂ္ဂဆိုတဲ့အဖွဲ့အစည်းတွေ အသင်းတွေပေ့ါ။တစ်ဖွဲ့နဲ့တစ်ဖွဲ့၊တစ်သင်းနဲ့တစ်သင်း၊တစ်ရွာနဲ့တစ်ရွာ၊တစ်မြို့နဲ့တစ်မြို့၊ ညီညွတ်ခြင်းတွေမရှိတော့ရင်ခိုက်ရန်ဒေါသတွေဖြစ်ပွားလာရင်၊သတ္တန္တရလ.က်န.က် ကပ်ဘေးကြီး ကျရောက်တော့မယ် ဆိုတာပါပဲ။




လမ်းမပေါ်တက်ပြီး ခွေးတွေနေ့ ည မအူကြသေးဘူး။ကြက်တွေအိပ်တန်းမှန်နေကြသေးသလို ကျီးတွေရဲ့အသံ အရုဏ်မတက်ခင်ကြားရဆဲ။တစ်မြို့နဲ့တစ်မြို့၊တစ်တိုင်းနဲ့တစ်တိုင်း ညီညွတ်နေကြသေးတယ်။ခေတ်ကြီးပျက်ရင်တဲ့။ဘုန်းကြီးနဲ့ခွေးပဲ အရင်ဆုံးငတ်မှာတဲ့လေ။




လက်ရှိအခြေအနေထိတော့ တခြားသောထေရဝါဒနိုင်ငံ ရဟန်းဘုန်းကြီးတွေဆွမ်းကိစ္စအတွက် အခက်အခဲရှိတယ်လို့မကြားရသေးသလို မြန်မာနိုင်ငံအတွင်းမှာသီတင်းသုံး နေထိုင်ကြတဲ့ ဘုန်းကြီး သီလရှင်တွေလည်းဆွမ်းကိစ္စတစ်ရပ်အခက်အခဲ ရှိတယ်လို့လည်း မကြားမိသေးပါဘူး။
ဒီလိုအားလုံး အဆင်ပြေနေတဲ့ပုံဆိုရင် ခေတ်မပျက်သေးပါဘူး။အားတင်းထားကြစေလိုပါတယ်။ မကြာခင်ကာလမှာ ဆေးကောင်းကောင်းနဲ့ ဒီရောဂါတွေကိုတိုက်ဖြတ်နိုင်ပါလိမ့်မယ်။ယခုလက်ရှိ အချိန်အခါ ကာလလေးမှာတော့ လောဘကြောင့် ငတ်မွတ်ခေါင်းပါးခြင်းကပ်ကျရောက်လာတယ်ဆိုတာ သိရင်၊

ဒေါသကြောင့် လ.က်န.က်ဘေးကပ်ကျရောက်လာတယ်ဆိုတာသိရင်၊ မောဟကြောင့် ရောဂါကပ်ဘေးကြီး ကျရောက်လာတယ်ဆိုတာသိရင်အတတ်နိုင်ဆုံးလောဘ၊ဒေါသ၊မောဟတွေကိုထိန်းသိမ်းကြရင်းနဲ့ လောကကြီး အေးချမ်းလာစေဖို့ မေတ္တာတရားများသာ နေ့စဉ်ပွား၍ နေထိုင်ကြစေလိုကြောင်း အသိပေး တိုက်တွန်းလိုက်ပါရစေ။
Credit … ဖန်ခါးမြေအရှင် (မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်)