ယခုလာမည့် (၁၃) ရက်နေ့တွင် လျှပ်စီးလက်ခြင်းနှင့်အတူ မိုးထစ်ချုန်းရွာမည်

ယခုလာမည့် (၁၃) ရက်နေ့တွင် လျှပ်စီးလက်ခြင်းနှင့်အတူ မိုးထစ်ချုန်းရွာမည်

လာမယ့် မတ်လ ၁၃ရက်နေ့မှာရန်ကုန်တိုင်းအတွင်းမိုးထစ်ချုန်းရွာခြင်းနဲ့အတူလျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်များကခန့်မှန်းပြောဆိုထားကြပါတယ်။မတ်လ ၁၃ရကနေ့မှာလေပူနဲ့လေအေးစုဆုံမည့်ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး

ထိုသို့စုဆုံရာနေရာရဲ့ဗဟိုချက်မှာရန်ကုန်တိုင်းဒေသကြီးတည့်တည့်မှာကျရောက်လာနိုင်တာလည်းဖြစ်ပါတယ်။”လေပူနဲ့ လေအေးစုဆုံတဲ့နေရာရဲ့ ဗဟိုချက်က ရန်ကုန်တိုင်း တည့်တည့်ကျရောက်လာနိုင်တာကြောင့်မတ်လ ၁၃ရက်နေ့ မိုးရွာသွန်းနိုင်တယ်”လို့

ဦးဝေဖြိုးဟန်(လေကြောင်းမိုးလေဝသ)က ဆိုပါတယ်။အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းမှာ မတ်လ ၁၃ရက်နေ့ နံနက် ၇နာရီမှ နေ့လည် ၃နာရီ ၁၃မိနစ်ကြား မိုးရွာသွန်းခြင်းနဲ့အတူလျှပ်စီးလက်ခြင်း၊ မိုးထစ်ချုန်းခြင်းနဲ့အတူလေပြင်းအန္တရာယ် အနည်းငယ်ပါရှိလာနိုင်တယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးလုပ်မယ့် တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသွားများနဲ့ ပြည်သူများအနေနဲ့ မိုးမရွာသွန်းမီ မတ်လ ၁၁ရက်နေ့အပြီး လိုအပ်သလို ပြင်ဆင်မှုများပြုလုပ်ထားဖို့ကိုလည်း အသိပေးပြောဆိုထားတာဖြစ်ပါတယ်။

Facebook Comments Box