ပြီးခဲ့သည့် ဒီဇင်ဘာလမှာဖြေဆိုထားသည့် ဂျပန်အရည်အချင်းစစ်စာမေးပွဲရလဒ်များထုတ်ပြန်

ပြီးခဲ့သည့် ဒီဇင်ဘာလမှာဖြေဆိုထားသည့် ဂျပန်အရည်အချင်းစစ်စာမေးပွဲရလဒ်များထုတ်ပြန်

၂၀၂၂ခုနှစ် ဒီဇင်ဘာလမှာ ဖြေဆိုထားတဲ့ ဂျပန်အရည်အချင်းစစ်စာမေးပွဲရလဒ်များထုတ်ပေးနေ ပြီဖြစ်ကြောင်းမြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ကသိရပါတယ်။ဂျပန်အရည်အချင်းစစ်စာမေးပွဲရလဒ်များကိုရန်ကုန်မြို့နဲ့မန္တလေးမြို့များတွင်ထုတ်ပေးနေတာဖြစ်ပြီး

JLPT စာမေးပွဲကျင်းပရေးကော်မတီက စာမေးပွဲရလဒ်တွေကိုထုတ်ယူရာမှာ လူအစုအဝေးမဖြစ်အောင် စီစဉ်ကာထုတ်ပေးတာတွေရှိနေတယ်လို့ဆိုပါတယ်။ထိုသို့ စာမေးပွဲရလဒ်တွေကို ဂျပန်ဘာသာသင်တန်းကျောင်းတွေကတစ်ဆင့်ထုတ်ပေးတာကိုဦးစွာပြုလုပ်ခဲ့ပြီး

သင်တန်းကျောင်းတွေကထုတ်ယူတဲ့အရေအတွက် နည်းပါးလာတာကြောင့်တစ်ဦးချင်းအလိုက် ထုတ်ယူခြင်းအားမူလလျာထားရက်ထက်စောပြီးထုတ်ပေးတာဖြစ်ကြောင်းသိရပါတယ်။သင်တန်းကျောင်းများကိုစာမေးပွဲရလဒ်ထုတ်ပေးခြင်းကရှိနေသေးပြီးမတ်လ ၆ ရက်မှ ၁၀ ရက်အတွင်း ထုတ်ပေးနေကြောင်း၊

တစ်ဦးချင်းအလိုက်ထုတ်ယူမယ့်သူတွေအနေနဲ့မိမိရဲ့ Test Voucher (ပျောက်ဆုံး/ ပျက်စီးပါက စာဖြေသူရဲ့မှတ်ပုံတင် မိတ္တူနဲ့ခုံနံပါတ်)ယူဆောင်လာကာ မတ် ၇ ရက်မှ မတ် ၂၄ ရက်အထိထုတ်ပေးနေကြောင်းသိရပါတယ်။

၂၀၂၂ခုနှစ်ဂျပန်ဘာသာစာမေးပွဲရလဒ်များအား သတ်မှတ်ကာလအတွင်း ရန်ကုန်စာဖြေဌာနအတွက် ကမာရွတ်မြို့နယ်ပြည်လမ်းရှိရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)နဲ့ မန္တလေးစာဖြေဌာနအတွက်ချမ်းမြသာစည်မြို့နယ်ရှိ MAJA Office (Mandalay Branch) တို့တွင်

နံနက်၉နာရီမှ ညနေ ၄ နာရီအထိ ထုတ်ယူနိုင်ကြောင်း၊ သတ်မှတ်ကာလနောက်ပိုင်းတွင် ထုတ်ယူပါက မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ရုံးတွင် ထုတ်ယူနိုင်ကြောင်းသိရပါတယ်။

Facebook Comments Box