ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကမ္ဘာမှာအကြီးဆုံး ကျောက်သား ဆင်းတုတော်ကြီး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကမ္ဘာမှာအကြီးဆုံး ကျောက်သား ဆင်းတုတော်ကြီး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒီဆင်းတုတော်ကြီးကိုတရု.တ်နိုင်ငံတန်မင်းဆက် (AD 618 – 907) မှာ တည်ဆောက်ခဲ့ပါတယ်။မင်ဂျင်း၊ဒါဒူနဲ့ကွင်ဂျီ မြစ်သုံးခုပေါင်းဆုံရာတောင်နံရံမှာထွင်းထုထားတာပါ။ တရု.တ်နိုင်ငံတောင်ပိုင်းဇီချွမ်ပြည်နယ်မြို့တော် Leshan ရဲ့အရှေ့ဘက်

Emei တောင်ရဲ့မြစ်ကမ်းပါးတခုပေါ်မှာခက်ခက်ခဲခဲအနုပညာမြောက်ထွင်းထုထားခြင်းဖြစ်ပါတယ်။ရုပ်ပွားတော်ကြီးကို တရု.တ်ဘုန်းတော်ကြီး Haithong က 713 ခုနှစ်မှာ ဦးစီးတည်ဆောက်ခဲ့ပါတယ်။ တချိန်ကဒီနေရာဟာရေစီးအလွန်ကြမ်းလှပြီး လှေသင်္ဘောများ မကြာခဏ မှောက်လေ့ရှိတာကြောင့်

ဒီအန္တရာယ်ကို ပျောက်ကင်းစေခြင်း အလို့ငှာဘုန်းတော်ကြီးကတည်ဆောက်ခဲ့ပါတယ်။ရုပ်ပွားတော်ကြီး ထွင်းထုရာမှာထွက်လာတဲ့ကျောက်တုံးတွေဟာမြစ်ထဲကိုကျရောက်ပြီး မြစ်ရေစီးမှုကို နှေးကွေးသွားစေတဲ့အတွက်ဒီဆင်းတုတော်ကြီးကိုတည်ဆောက်ပြီးနောက်ပိုင်းမှာလှေ၊ သင်္ဘော နစ်မြုပ်မှုတွေ အလွန်နည်းပါးသွားပါတယ်။

ဘုန်းတော်ကြီးရဲ့ ဆန္ဒပြည့်ဝခဲ့ပါတယ်။ဘုန်းတော်ကြီးဟာရုပ်တုတော်ကြီးမပြီးဆုံးမီမှာကွယ်လွန်ခဲ့ပြီးတဲ့နောက်ရန်ပုံငွေနည်းပါးမှုကြောင့်ရုပ်တုတည်ဆောက်ထွင်းထုခြင်းကိုရပ်တန့်ခဲ့ရပါတယ်။နှစ် 70 ကျော်မှအလှူရှင်ပေါ်လို့ ပြန်ဆောက်နိုင်ပြီး AD 803 ခုနှစ်မှာ ပြီးအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

ရုပ်ပွားတော်ကြီးဟာ 71 မီတာ (233 ပေ) မြင့်မားပြီး ဒီလိုအမျိုးအစားရုပ်ပွားတော်တွေထဲကအကြီးဆုံးဖြစ်ပါတယ်။ပုခုံးနှစ်ဖက် 79 ပေကျယ်ပြီးလက်ချောင်းတွေကတော့ 27 ပေ ရှည်ပါတယ်။မြစ်ကမ်းဘေးမှာတည်ဆောက်ထားတဲ့အတွက်ကုန်းလမ်း / ရေလမ်းနှစ်မျိုးလုံးနဲ့ ဖူးမျှော်နိုင်ပါတယ်။

ရုပ်ပွားတော်ကြီးဘေးမှာအပေါ်ကိုတက်တဲ့လမ်းရှိပြီး ဦးခေါင်းတော်နဲ့ တတန်းတည်းအမြင့်ကနေဖူးနိုင်ပါတယ်။အတက် / အဆင်းလမ်းတွေကို 8 ရာစုခန့်တည်းကတည်ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။ရုပ်ပွားတော်ကြီး တည်ရှိရာတောင်ကို Emei တောင်လို့ ခေါ်ပြီး ဒီတောင်ပေါ်မှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အပင်များလည်း ရှိနေပါတယ်။

အရင်တုန်းကတော့ ရုပ်ပွားတော်ကြီးမှာ ဘုံအမြင့် 30 ထပ် အမိုးရှိပြီး မွန်ဂိုကျူးကျော်သူတွေ ဖျက်စီးပစ်လိုက်တဲ့အတွက် ယခုအခါ မရှိတော့ပါ။ရုပ်ပွားတော်ကြီးဟာ လေဒဏ် / မိုးဒဏ် ရာသီဥတုဒဏ်ကို နှစ်ပေါင်း 1,300 ကျော် ခံခဲ့ပေမယ့်ပျက်စီးခြင်းမရှိတဲ့အကြောင်းကတော့ထွင်းထုတည်ဆောက်စဉ်တုန်းကရေဆင်းမြောင်းတွေ/ရေဆင်းပိုက်တွေ

ထည့်သွင်း တည်ဆောက်ခဲ့တဲ့ ပညာရှင်တွေရဲ့ အိုင်ဒီယာကြောင့်လို့ သိရပါတယ်။နှစ်စဉ် ထောင်သောင်းချီတဲ့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိတဲ့ ဒီရုပ်ပွားတော်ကြီးကို 1996 ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်းသတ်မှတ်ပြီး ထိမ်းသိမ်းခဲ့ပါတယ်။

Credit – Neo News.

Facebook Comments Box