Passport ပြုလုပ်ရန်ရက်ချိန်းအသစ်လျှောက်ထားမှုအတွက် မကြာမီပြန်ဖွင့်ပေးမည်

Passport ပြုလုပ်ရန်ရက်ချိန်းအသစ်လျှောက်ထားမှုအတွက် မကြာမီပြန်ဖွင့်ပေးမည်

ပတ်စ်ပို့ပြုလုပ်ရန် ရက်ချိန်းအသစ်လျှောက်ထားမှုတွေအတွက်မကြာမီစနစ်အား ပြန်ဖွင့်ပေးသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အွန်လိုင်းကတစ်ဆင့် ရက်ချိန်းခွင့်ပြုမှုကို

မတ်လ ၂၈ရက်နေ့အထိလျှောက်ထားသူ ၅၂၈၅၀ဦးအတွက်ခွင့်ပြုထားပြီးဖြစ်တာကြောင့်ရက်ချိန်းအသစ်လျှောက်ထားမှုကို မတ်လ၁ရက်ကစပြီး ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ယခုအခါ ရက်ချိန်းရယူစဉ်ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီးသော်လည်း ငွေပေးသွင်းခြင်းမပြုလုပ်နိုင်ဘဲကျန်ရှိနေတဲ့ တစ်ဦးချင်းနဲ့

အဖွဲ့လိုက်လျှောက်ထားသူများကို ဦးစားပေးအနေနဲ့ စနစ်အား ဖွင့်ထားပေးတယ်လို့ ဆိုပါတယ်။ငွေပေးသွင်းရန် ကျန်ရှိသူများအနေနဲ့ “ငွေပေးချေရန်ကျန်ရှိပါသည်”ဟူသော အသိပေးချက် တွေ့ရှိပါက Go to Payment ခလုတ်ကိုနှိပ်ပြီး ငွေပေးသွင်းပြီးပါကစနစ်မှရက်ချိန်းသတ်မှတ်ပေးမယ်လို့ သိရပါတယ်။

မသမာသောနည်းလမ်းဖြင့် စနစ်အတွင်း ဝင်ရောက်ရန် ကြိုးစားခြင်း၊ အချက်အလက်ပြင်ဆင်ခြင်း၊ ငွေကြေးလိမ်လည်မှုပြုလုပ်ချင်းများ လုပ်ဆောင်ပါက ထိရောက်စွာအရေးယူသွားမယ်လို့ အသိပေးထားတာဖြစ်ပါတယ်။






Facebook Comments Box