(၃)ရက်အတွင်း အမြင့်စျေးဖြင့် တည်ငြိမ်နေသည့် စက်သုံးဆီစျေး ယနေ့ထပ်မံမြင့်တက်သွား

(၃)ရက်အတွင်း အမြင့်စျေးဖြင့် တည်ငြိမ်နေသည့် စက်သုံးဆီစျေး ယနေ့ထပ်မံမြင့်တက်သွား

သုံးရက်ဆက်တိုက်အမြင့်စျေးဖြင့်တည်ငြိမ်နေသည့်စက်သုံးဆီစျေးနှုန်းများ ဒီကနေ့စက်သုံးဆီကော်မတီရဲ့ထုတ်ပြန်ချက်တွေအရ စက်သုံးဆီတစ်လီတာကို ၂၅ကျပ်ကနေ ကျပ် ၅၀ ကျော်အထိ ဈေးထက်တက်လာကြောင်းသိရပါတယ်။

ဈေးထက်တက်လာတဲ့ဒီကနေ့ မတ်လ၇ရက်ရဲ့စက်သုံးဆီဈေးနှုန်းတွေကတော့ဓာတ်ဆီ ၉၂တစ်လီတာကို ၂၁၉၅ကျပ် ၊ ၉၅တစ်လီတာကို ၂၂၇၀ကျပ်နဲ့သာမာန်ဒီဇယ်တစ်လီတာ၂၂၇၀ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၅၀ကျပ်ဈေးတွေသတ်မှတ်ထားပါတယ်။

မနေ့က စက်သုံးဆီဈေးတွေအနေနဲ့ က ၉၂တစ်လီတာကို ၅၀ကျပ်၊ ၉၅တစ်လီတာကို၅၅ကျပ်၊ သာမာန်ဒီဇယ်တစ်လီတာ ၂၅ကျပ်၊ပရီမီယံဒီဇယ်တစ်လီတာ၂၅ ကျပ် ဈေးတွေ ထက်မြင့်တက်လာတာပါ။စက်သုံးဆီဈေးတွေဟာပြီးခဲ့တဲ့ ၃ရက်အတွင်း ဈေးမပြောင်းလဲပဲအမြင့်ဈေးနဲ့ရှိနေခဲ့ပြီး ဒီကနေ့ မတ်လ၇ရက်မှာ

ဈေးနှုန်းကျဆင်းလာခြင်းမရှိပဲထပ်မံမြင့်တက်သွားတယ်လို့ ဈေးကွက်အတွင်းကသိရပါတယ်။ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေဟာ အရှေ့တောင်အာရှ ရှိသန့်စင်ပြီးထုတ်ကုန်များစွာအတွက်ဈေးနှုန်းအခြေခံဖြစ်တဲ့

Mean of platts singapore (MOPS)က သတ်မှတ်တဲ့ဈေးနှုန်းအညွှန်းကိန်းမြင့်တက်လာခြင်းအရဖြစ်ကြောင်းစက်သုံးဆီတင်သွင်းမှု၊ သိုလှောင်မှုနဲ့ဖြန့်ဖြူးရေးကြီးကြပ်ကော်မတီက သိရပါတယ်။

Facebook Comments Box