ကမ္ဘာသုံး တည်နေရာပြစနစ်ကိုမှီတဲ့ မန္တလေးက လမ်းညွှန်စနစ်
မန္တလေးက လမ်းညွှန်စနစ်ကို လှောင်ပြောင်နေတာ တွေ့နေရတယ်။မလှောင်ပါနဲ့။ ဟာသမလုပ်ပါနဲ့ မိတ်ဆွေ။ ‘ကိုယ်ပိန်းတာ’ လူသိပါတယ်။’ကိုယ်စာမတတ်တာ’ လူသိပါတယ်။’ကိုယ်ကျောင်းမနေဘူးတာ’ လူသိပါတယ်။




မန္တလေးမှာ လမ်းညွှန်ပြတဲ့အခါ ပြောလေ့ရှိတယ်။ဥပမာ မြို့တော်ခန်းမ ဆိုပါတော့ ၂၆လမ်း၊ ၇၁ x ၇၂ လမ်းကြားလို့ ပြောပါတယ်။ ဒါကို အတိုပြောရင် ၂၆, ၇၁ နဲ့ ၇၂ ကြားပေါ့။သိပ်ကို ရှင်းပါတယ်။ဒီလိုရှင်းတာကိုမှမသိဘူးဆိုရင် မိတ်ဆွေဟာ ၈ တန်းလောက်ထိကိုကျောင်းမနေခဲ့ဘူးလို့ပါ။
မန္တလေးမှာ သုံးနေတဲ့ လမ်းညွှန်စနစ်ဟာ ‘ကမ္ဘာသုံး တည်နေရာပြစနစ်’ နဲ့ တစ်ထပ်တည်း တူပါတယ်။ရှင်းအံ့။ကမ္ဘာပေါ်မှာရှိတဲ့ တည်နေရာတွေကိုဖော်ပြတဲ့အခါလတ္တီတွဒ်၊ လောက်ဂျီတွဒ်တွေနဲ့ ဖော်ပြကြတယ်။ဒါကိုကျောင်းမှာသင်တယ်။




နောက်တမျိုး ရှိသေးတယ် X and Y Coordinate စနစ်။ သင်္ချာမှာ သုံးတယ်။ကိုအော်ဒီနိတ် ပြင်ညီမှာ တည်နေရာကိုပြတဲ့အခါ X ဘယ်လောက်၊Y ဘယ်လောက်လို့ ပြောလိုက်တာနဲ့အဲ့အမှတ်ကို အတိအကျ ထောက်လို့ရတယ်။သင်္ချာမှာမတိကျလို့မရဘူး။




အဲ့ဒီ လတ္တီတွဒ် လောင်ဂျီတွဒ် စနစ်နဲ့ X and Y Coordinate စနစ်ဟာ အတူတူပဲ။ ကြီးတာနဲ့ သေးတာပဲ ကွာတာ။(အခုတော့ ပိုတိကျတဲ့ Coordinate စနစ်ကို သုံးနေပါပြီ။ကမ္ဘာပေါ်က တည်နေရာတစ်ခုကို မီလီမီတာအစိပ်အပိုင်းအထိတိတိကျကျ ဖော်ပြတဲ့စနစ်ပါ၊ Easting, Northing, Westing, Southing စတဲ့ယူနစ်တွေကိုသုံးပြီးဖော်ပြပါတယ်။
Null Island နေရာဟာ Coordinate 0 , 0 နေရာ ဖြစ်ပါတယ်၊ ဒါကို အကျယ်ရေးနေရင် စာရှည်မှာစိုးလို့ အကြမ်းဖျင်း ဖော်ပြလိုက်တာပါ)ကမ္ဘာလုံးအတိုင်းတောင်ကနေ မြောက်ကိုဆွဲထားတဲ့ မျဉ်းတွေဟာလောင်ဂျီတွဒ်မျဉ်းတွေ။ (ဒေါင်လိုက်မျဉ်း)




ကမ္ဘာလုံးအတိုင်း အရှေ့ကနေ အနောက်ကို ဆွဲထားတဲ့မျဉ်းတွေဟာ လတ္တီတွဒ်မျဉ်းတွေပါ။ (ကန့်လန့်မျဉ်း)ဥပမာ ဟာဝိုင်အီကျွန်းရဲ့ တည်နေရာကို ကမ္ဘာလုံးပေါ်မှာရှာမယ်ဆိုပါတော့။ ကမ္ဘာလုံးကြီးကိုလှည့်ပြီး ဟာဝိုင်အီကျွန်းကို မတွေ့မချင်းရှာမှာလား? မရဘူးလေ။ ခက်တာပေါ့။ဒါဆို ပြောလိုက်မယ် “ဟာဝိုင်အီကျွန်းဟာ လတ္တီတွဒ် 19.74 ပေါ်မှာ ရှိတယ်” ဒါဆိုရင်ရော ရှာလို့ရပြီလား? ခက်သေးတယ်ဗျ။




လတ္တီတွဒ် 19.74 မျဉ်းဟာ အရှည်ကြီး၊ ကမ္ဘာတစ်ပတ်ရှိတယ်။ဒါဆို ရှာလို့လွယ်အောင်ပြောလိုက်မယ်။”ဟာဝိုင်အီကျွန်းဟာ လတ္တီတွဒ် 19.74 နဲ့ လောင်ဂျီတွဒ် -155.84 ပေါ်မှာ ရှိတယ်”‘ဟာ … ဂွပ်၊ ဟောဒီမှာ တွေ့ဘီ ဟာဝိုင်အီကျွန်း’သိပ်ကိုလူရည်လည်ပါတယ်ဆိုတဲ့ ရန်ကုန်မြို့ကြီးသားတွေ နားလည်အောင် ဥပမာ ထပ်ပေးပါမယ်။ဥပမာ City mart ကို သွားချင်လို့မေးပြီဆိုပါတော့ “စီးတီးမတ်ကပြည်လမ်းပေါ်မှာလေ” လို့ ပြောရင်ရပြီလား?




ပြည်လမ်းကအရှည်ကြီးလေ။ပြည်လမ်းတစ်လျှောက် စီးတီးမတ်ကို မတွေ့မချင်း ခင်များ အစုန်အဆန်လိုက်ရှာရမှာပေါ့။ဒါဆို ရှာလို့လွယ်အောင် ဘယ်လိုပြောမလဲ။ပြည်လမ်းကို ပိုင်း ပေးလိုက်မယ်။ဒီလိုပြောမယ်”စီးတီးမတ်က ပြည်လမ်းပေါ်၊ ရှင်စောပုလမ်းနဲ့ ပဒေသာလမ်းကြားမှာ””ဂွပ် ဟောဒီမှာ စီးတီးမတ်”ဒါဟာ ကမ္ဘာသုံး တည်နေရာပြစနစ်ပဲ။သိပ်ကိုရိုးရှင်းလွယ်ကူတယ်။
(ဒါတောင် ရန်ကုန်လမ်းတွေက နံပါတ်လမ်း မဟုတ်တော့ ရှာရတာ ကသီသေးတယ်။ ရှင်စောပုလမ်းက ဘယ်နားမှန်း မသိရင် ထပ်ပြောရသေးတာ ‘အဲ့ဟာ မြေနီကုန်းမှာလေ’ လို့)ဒီလိုပဲမန္တလေးမှာ လမ်းညွှန်တဲ့အခါ အဲ့ဒီကမ္ဘာသုံးလမ်းညွှန်စနစ်ကိုအတိအကျလိုက်နာထားတာ။

မြို့သစ်တွေ မပေါ်ခင်ထိ မန္တလေးလမ်းတွေဟာ နံပါတ်လမ်းတွေ။ ကျနော် မှတ်မိသလောက် ပြောရရင် ၁ လမ်း ကနေ ၄၅ လမ်းထိက ကန့်လန့်လမ်းတွေ(အရှေ့ကနေ အနောက်၊ ဒါ လတ္တီတွဒ်မျဉ်းပဲပေါ့)၅၃ လမ်းကနေ ၉၉ လမ်းထိကအလျားလိုက်လမ်းတွေ(တောင်ကနေမြောက်၊ဒါ လောင်ဂျီတွဒ်မျဉ်းပဲပေါ့)
မန္တလေးမှာ ရှာရတာ လမ်းညွှန်ရတာသိပ်လွယ်တယ်။ခုနပြောသလိုသာ လမ်းညွှန်လိုက် ဘယ်သူကိုမှ မေးစရာမလိုအောင် သွားရှာလို့ ရတယ်။မြေနီကုန်းတွေ၊လှည်းတန်းတွေထည့်ပြောစရာကိုမလိုတာ၊ည လူခြေတိတ်နေလို့ မေးစရာလူမရှိရင်တောင်လမ်းထောင့်ကလမ်းညွှန်ဆိုင်းဘုတ်ဖတ်၊နောက်တစ်လမ်းဆက်သွားကြည့်၊ နည်းသွားလားများလာလားကြည့်။
ဒါဆို ကိုယ်ရှာနေတဲ့လမ်းဟာ ရှေ့မှာလား၊နောက်ပြန်လျှောက်ရမလားသိပြီ။အချုပ်ပြောရရင် “ပြည်လမ်းပေါ်၊ ရှင်စောပုလမ်းနဲ့ ပဒေသာလမ်းကြား”ဆိုတာကြီးနဲ့”၆၂ လမ်း၊ ၃၅ နဲ့ ၃၆ လမ်းကြား” ဆိုတာကြီးကဘာတွေများ ကွာခြားနေလို့လဲ။
မန္တလေးလမ်းတွေကမှ နံပါတ်လမ်းတွေမို့လို့ ရှာရဖွေရတဲ့အခါဘယ်သူ့မှ မေးစရာမလိုအောင်ရှင်းလင်းနေတာကြီး။ဒါကိုမှ “အာရုံစားတယ်ကွာ” ဆိုရင်တော့ ဉာဏ်ရည်လူစဉ်မမီတာလို့သာမှတ်။ကမ္ဘာသုံး တည်နေရာပြစနစ်ပဲကိုမှီတဲ့မန္တလေးလမ်းညွှန် ဆိုင်းပုဒ်များအတွက် ဂုဏ်ယူနိုင်ကြပါစေ
Credit