ပြည်တွင်းသို့ EV လျှပ်စစ်ကားတွေဝင်ရောက်လာသော်လည်း လက်ရှိပြည်တွင်းကားစျေးကွက်ကိုရိုက်ခတ်မှုရှိ/မရှိ ကားစျေးလောက၏စကားသံများ

ပြည်တွင်းသို့ EV လျှပ်စစ်ကားတွေဝင်ရောက်လာသော်လည်း လက်ရှိပြည်တွင်းကားစျေးကွက်ကိုရိုက်ခတ်မှုရှိ/မရှိ ကားစျေးလောက၏စကားသံများ

လျှပ်စစ် EV ကားတွေဝင်ရောက်လာသော်လည်း ပြည်တွင်းကားစျေးကွက်က ကြီးမားတဲ့ပြောင်းလဲမှုမရှိနိုင်ဘူးလို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေကပြောကြားလိုက်ပါတယ်။“EV လျှပ်စစ်ကားကြောင့်တော့ပြည်တွင်းကားစျေးကွက်ကကြီးကြီးမားမားမပြောင်းလဲနိုင်လောက်ဘူး။

ထိထိ ခိုက်ခိုက်ကြီးမဖြစ်နိုင်ဘူး။EV ကကားစျေးကွက်ကိုထိမှာမဟုတ်ဘူးလေ၊အခုသူတို့တင်သွင်းခွင့်ပြုထားတဲ့ရောက်ရှိနှစ်ထက်တစ်နှစ်အောက် Late ဆိုပေမယ့် ၂၀၂၁(Late)တွေဘာတွေဝင်လာရင် CIF တန်ဖိုးသိန်း ၄၀၀၊သိန်း ၅၀၀ လောက်ဆိုရင်အဲ့ကောင်တွေကိုပဲဝယ်ထားတော့မှာလေ။

လက်ရှိစျေးကွက်မှာသိန်းတစ်ထောင်ပတ်လည်နဲ့အရောင်းအဝယ်ဖြစ်နေတဲ့ကားတွေကဟိုကောင်တွေလိုမျိုးသိန်း ၃၀၀၊သိန်း ၄၀၀ တန်လောက်တစ်ပတ်လည်ကားလေးတွေပြန်ပြီးဝင်လာမယ်ဆိုရင်လက်ရှိလောလောဆယ်စျေးမြင့်နေတဲ့ကားဟောင်းစျေးကွက်ကလည်းတဖြေးဖြေးနဲ့အိသွားမှာပါပဲ။

အခုစျေးကွက်အနေအထားအရကားစျေးတွေကငြိမ်နေတယ်လို့ပဲပြောရမှာပါ၊ဒါကစျေးကွက်အနေအထားအရပါ။ပြီးတော့ဂျပန်တစ်ပတ်ရစ်ကားစျေးကွက်ကလည်းဆက်ရှိနေမှာဖြစ်မယ်၊သူကလည်းစျေးကွက်လိုအပ်ချက်အရရှိနေမယ်။သိန်း ၂၀၀၊သိန်း ၃၀၀ ပတ်လည်ကားတွေကလူစီးများတယ်၊အဲ့ဒီကားစျေးကွက်ကြီးကလည်းဆက်ရှိနေမယ်။

EV ကပြည်တွင်းမှာလိုအပ်ချက်တွေရှိနေပေမဲ့ဝယ်စီးနိုင်တဲ့သူတွေကျတော့လည်းဝယ်စီးကြမှာပါပဲ။သို့သော် EV ကြောင့်ပြည်တွင်းကားစျေးကွက်ကပြောင်းလဲမှုကြီတော့းရှိမလာနိုင်ပါဘူး”လို့ကားဝယ်ရောင်းလုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။လက်ရှိပြည်တွင်းကားစျေးနှုန်းတွေဟာအမြင့်ပိုင်းမှာသာရှိနေသလိုစျေးကွက်အတွင်းမှာလည်းကြိုက်ရောင်း၊ကြိုက်ဝယ်စနစ်ဖြင့်သာ

အရောင်း၊အဝယ်တွေကိုပြုလုပ်နေကြရတာဖြစ်တယ်လို့ ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။“အင်ဂျင်ပါဝါ ၁၃၀၀ CCပေါ့၊နောက်ပိုင်းထွက်လာတဲ့ကားမျိုးတွေကိုလိုသလောက်သွင်းလို့ရရင်တော့ကားစျေးကပြန်အိသွားမှာပါပဲ။နောက်ပိုင်းကျရင်မော်ဒယ်မြင့်ကားနဲ့အင်ဂျင်ပါဝါ ၂၀၀၀ အထက်ကားတွေကိုသူကစလစ်ကပ်ရမှာကိုး။

ဖရီးပါမစ်နဲ့သွင်းတာက ၁၅၀၀ CC ရဲ့ အောက်ကိုသွင်းတာပေါ့။တကယ်လို့ဖရီးပါမစ်နဲ့အဲ့လိုကောင်လေးတွေဝင်လာမယ်ဆိုစျေးကွက်မှာဘာဖြစ်မလဲဆိုရင်အပေါ်ကားစျေးပြိုရင်အောက်ကားလည်းစျေးပြိုမှာပါ”လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကဆက်ပြီးပြောပြပါတယ်။

ကားအရောင်းပြခန်းဖွင့်လှစ်ထားသူတွေကိုအခုနှစ်အတွက်ရောက်ရှိခုနှစ်ရဲ့တစ်နှစ်အောက်မော်ဒယ်နိမ့်ဘယ်မောင်း(Brand New)ယာဉ်တွေကိုသာတင်သွင်းဖို့ စီးပွား/ကူးသန်းဝန်ကြီးဌာနကပြီးခဲ့တဲ့ဖေဖော်ဝါ ရီလ ၂၁ ရက် စွဲနဲ့အမိန့်ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

အဲ့ဒီလို(Brand New)ကားတွေကိုတင်သွင်းခွင့်ပြုထားတဲ့အတွက် EV လျှပ်စစ်ကားတွေဝင်ရောက်လာသော် လည်းပြည်တွင်းကားစျေးကွက်ကိုကြီးကြီးမားမားအကျိုးသက်ရောက်မှုနဲ့ပြောင်းလဲမှုတွေတော့မရှိနိုင်ဘူးလို့ကားဝယ်ရောင်းလုပ်ကိုင်သူတွေနဲ့ ကားလောကရေးရာကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

Facebook Comments Box