အဝယ်လိုက်နေသည့် ရန်ကုန်စျေးကွက်ကြောင့် ဆန်စျေးနှုန်း ဆက်လက်မြင့်တက်နိုင်သလားဆိုတာ?

အဝယ်လိုက်နေသည့် ရန်ကုန်စျေးကွက်ကြောင့် ဆန်စျေးနှုန်း ဆက်လက်မြင့်တက်နိုင်သလားဆိုတာ?

ရန်ကုန်ဈေးကွက်မှာ ဧရာဝတီတိုင်းကထွက်တဲ့ဆန်တွေအဝယ်လိုက်လာတာကြောင့်ဆန်ဈေးတက်လာနိုင်တယ်လို့ ပုသိမ်မြို့နယ်ဆန်နှင့်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။“ရန်ကုန်ကိုပုသိမ်ကဆန်တွေအဓိကတင်ပို့နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်း ၂၄ပြည်ဝင် ဆန်အိတ် ၁၆၅၀၀၀ ထိတင်ပို့ထားပြီးဖေဖော်ဝါရီလမှ ဆန်အိတ်နှစ်သိန်းကျော်ထိတင်ပို့ရောင်းချထားရပါတယ်။ဆန်အိတ်တွေကိုရန်ကုန်ဘက်က အဝယ်လိုက်နေပါတယ်။

လက်ရှိ အဝယ်လိုက်လာသလိုဈေးကလဲအနည်းငယ်တက်လာပါတယ်” ပုသိမ်မြို့နယ်ဆန်နှင့်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းမှဈေးကွက်ရှာဖွေရေးတာဝန်ခံကပြောကြားထားပါတယ်။လက်ရှိဧရာဝတီတိုင်းကနေရန်ကုန်ဈေးကွက်ကိုပုသိမ်ပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ဆင်းသုခ၊

ဧည့်မထ၊ ကျားပျံစတဲ့ ဆန်အမျိုးအစားတွေ အဓိကတင်ပို့နေတာဖြစ်ပါတယ်။နယ်စပ်ဆန်ပို့ကုန်ရငွေ မူ အပြောင်းအလဲကြောင့်ဆန်ကုန်သည်တွေ အဝယ်ရပ်လို့ ဆန်ဈေးကျဆင်းနိုင်တယ်လို့ ဆိုထားကြပေမယ့်

လက်လီဈေးကွက်ထဲအခြေခံပြည်သူတွေစားသုံးတဲ့ ဆန်ဈေးကတော့ ဆက်လက်မြင့်တက်နေတာဖြစ်ပါတယ်။လက်လီဈေးကွက်ထဲ အခြေခံပြည်သူတွေ စားသုံးတဲ့ဆန်အမျိုးအစားတွေက ကျပ် ငါးသောင်းအထက်မှာရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Facebook Comments Box