ကော်မတီရဲ့လက်ကားရည်ညွှန်းစျေးထက် လက်လီစျေးမှာထက်ဝက်နီးပါမြင့်တက်နေသည့် ပြည်တွင်းစားအုံးဆီစျေးနှုန်း

ကော်မတီရဲ့လက်ကားရည်ညွှန်းစျေးထက် လက်လီစျေးမှာထက်ဝက်နီးပါမြင့်တက်နေသည့် ပြည်တွင်းစားအုံးဆီစျေးနှုန်း

အများပြည်သူစားသုံးသူဈေးကွက်ထဲမှာစာအုန်းဆီဈေးတွေမြင့်တက်နေပြီးအပတ်စဉ်ထုတ်ပြန်နေတဲ့ စာအုန်းဆီကော်မတီရဲ့လက်ကားဈေးမှာယခုတစ်ပတ်အတွင်းတစ်ပိဿာ ၄၆၀၀ကျပ်နှုန်းသတ်မှတ်ထားကြောင်းသိရပါတယ်။

စားအုန်းဆီကော်မတီရဲ့ယခုတစ်ပတ်ကြာမတ်လ၆ရက်ကနေ၁၂ရက်အထိရည်ညွှန်းဈေးသတ်မှတ်နှုန်းမှာယခင်တစ်ပတ်ကြာနည်းတူတစ်ပိဿာဈေး ငွေကျပ်၄၆၀၀နှုန်းသတ်မှတ်ထားတယ်လို့ဆိုပါတယ်။လက်လီစားသုံးသူဈေးကွက်ထဲမှာတော့စာအုန်းဆီတစ်ပိဿာဈေးဟာငွေကျပ် ၈၅၀၀ကျပ် ကနေ

၈၉၀၀ကျပ်ဝန်းကျင်အထိမြင့်တက်နေတာကြောင့် ငွေကျပ်၉၀၀၀နီးပါးဈေးမြင့်တက်နေပါတယ်။စားအုန်းဆီရည်ညွှန်းဈေးတွေကိုစားသုံးဆီတင်သွင်းဖြန့်ဖြူးမှုကြီးကြပ်ကော်မတီကသယ်ယူပို့ဆောင်စရိတ်၊အကောက်ခွန်နဲ့ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအပါအဝင်

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံရှိ FOBဈေးနှုန်းများကို အနီးကပ်စောင့်ကြည့်နေပြီးစားသုံးဆီအတွက် လက်ကားရည်ညွှန်းဈေးကိုအပတ်စဉ်ထုတ်ပြန်ပေးနေပါတယ်။

Facebook Comments Box