နေပြည်တော်မှာပြေးဆွဲမည့် လျှပ်စစ် တက္ကစီကား ယခုလထဲပြေးဆွဲပေးမည်
နေပြည်တော်သပြေကုန်းဈေးက EV Charging Station မှာရှိတဲ့ EV Taxi တွေအနေနဲ့ မတ်လလယ်လောက်မှသာပြေးဆွဲနိုင်မှာဖြစ်တယ်လို့သိရှိရပါတယ်။“လက်ရှိမှာကျွန်တော်တို့အနေနဲ့ Driver တွေမရသေးပါဘူး။




ညှိနှိုင်းတဲ့အဆင့်မှာပဲရှိပါသေးတယ်။ပုတ်ပြတ်ပေးမှာလား။ဘယ်လိုလဲဆိုတာတာဝန်ရှိသူတွေစီစဉ်နေပါတယ်။တကယ်လို့ပြေးဆွဲမယ်ဆိုရင်တစ်ပတ်လောက်တော့ကြာဦးမှာပါ။မတ်လဒုတ်တိယပတ်လောက်ဖြစ်သွားနိုင်ပါတယ်”လို့ပြောပါတယ်။




အဆိုပါ EV Taxi တွေအတွက်ကျသင့်ငွေပမာဏအနေနဲ့တစ်ကီလိုမီတာကိုမြန်မာကျပ်ငွေ ၉၀၀ အဖြစ် ကနဦးသတ်မှတ်ခဲ့ပေမယ့်ပြန်လည်သုံးသပ်မှာဖြစ်သလိုကိုယ်ပိုင်ကားတွေအနေနဲ့အားသွင်းမယ်ဆိုရင် ၄၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။




ေနျပည္ေတာ္မွာေျပးဆြဲမည့္ လွ်ပ္စစ္ တကၠစီကား ယခုလထဲေျပးဆြဲေပးမည္
ေနျပည္ေတာ္သေျပကုန္းေဈးက EV Charging Station မွာရွိတဲ့ EV Taxi ေတြအေနနဲ႔ မတ္လလယ္ေလာက္မွသာေျပးဆြဲႏိုင္မွာျဖစ္တယ္လို႔သိရွိရပါတယ္။“လက္ရွိမွာကြၽန္ေတာ္တို႔အေနနဲ႔ Driver ေတြမရေသးပါဘူး။

ညႇိႏႈိင္းတဲ့အဆင့္မွာပဲရွိပါေသးတယ္။ပုတ္ျပတ္ေပးမွာလား။ဘယ္လိုလဲဆိုတာတာဝန္ရွိသူေတြစီစဥ္ေနပါတယ္။တကယ္လို႔ေျပးဆြဲမယ္ဆိုရင္တစ္ပတ္ေလာက္ေတာ့ၾကာဦးမွာပါ။မတ္လဒုတ္တိယပတ္ေလာက္ျဖစ္သြားႏိုင္ပါတယ္”လို႔ေျပာပါတယ္။
အဆိုပါ EV Taxi ေတြအတြက္က်သင့္ေငြပမာဏအေနနဲ႔တစ္ကီလိုမီတာကိုျမန္မာက်ပ္ေငြ ၉၀၀ အျဖစ္ ကနဦးသတ္မွတ္ခဲ့ေပမယ့္ျပန္လည္သုံးသပ္မွာျဖစ္သလိုကိုယ္ပိုင္ကားေတြအေနနဲ႔အားသြင္းမယ္ဆိုရင္ ၄၀၀ က်ပ္က်သင့္မွာျဖစ္တယ္လို႔သိရပါတယ္။