(၅)လ လုံးလုံး နေလုံးဝမမြင်ရတဲ့ ထူးဆန်းသည့် မြို့တစ်မြို့
လောင်ရီယာဘန်ယန်Longyearbyen မြို့ဟာနော်ဝေးနိုင်ငံမြောက်ပိုင်းအာတိတ်သမုဒ္ဒရာထဲက Svalbard နယ်မြေမှာတည်ရှိပါတယ်။Spitsbergen ကျွန်းစုလို့သိကြတဲ့ Svalbard နယ်မြေဟာနော်ဝေးမြောက်ပိုင်းကမ်းရိုးတန်းနဲ့မြောက်ဝန်ရိုးစွန်းရဲ့အလယ်မှာရှိနေပါတယ်။




လူသူနေထိုင်မှုအလွန်နည်းပါးတဲ့ Svalbard နယ်မြေထဲမှာလောင်ရီယာဘန်ယန် မြို့ဟာလူဦးရေ အများဆုံးနေထိုင်တဲ့နေရာလည်းဖြစ်ပါတယ်။လူဦးရေအများဆုံးဆိုပေမယ့်ဒီမြို့မှာနေထိုင်သူ စုစုပေါင်းဟာ ၂၃၀၀ ကျော်သာရှိပါတယ်။ဒီမြို့ဟာကမ္ဘာရဲ့မြောက်ဘက်အကျဆုံးမြို့ဖြစ်သလိုမြောက်ဝန်ရိုးစွန်းနဲ့အနီးဆုံးမြို့လည်းဖြစ်ပါတယ်။




ဒီမြို့ကို ၁၉၀၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး မြို့ရဲ့အမည်ကို Longyear City လို့ ခေါ်ခဲ့ကြတာ ၁၉၂၆ ခုနှစ်တိုင်အောင် ဖြစ်ပါတယ်။ဒီဒေသမှာ ၁၉၀၆ ခုနှစ်က စလို့ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းကိုစတင်ခဲ့ရာကနေလူများလာခဲ့ပြီးမြို့အဖြစ်အစပြုခဲ့တာဖြစ်ပါတယ်။မြို့ရဲ့အမည်ကိုတော့ ဒီဒေသမှာအာတိတ်ကျောက်မီးသွေး ကုမ္ပဏီကို တည်ထောင်ခဲ့သူအမေရိကန်စက်မှုလုပ်ငန်းရှင် John Munro Longyear ရဲ့အမည်ကတဆင့်ရခဲ့ခြင်းဖြစ်ပါတယ်။




အဲဒီအချိန်ကအာတိတ်ကျောက်မီးသွေးကုမ္ပဏီမှာလုပ်သားပေါင်း ၅၀၀ နီးပါးလာရောက်လုပ်ကိုင်ခဲ့ကြပါတယ်။၁၉၄၃ ခုနှစ်မှာတော့ နာဇီရေတပ်ဟာလောင်ရီယာဘန်ယန်တမြို့လုံးနီးပါးကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစ.စ်အပြီးမှာတော့နော်ဝေကုမ္ပဏီ SNSK က မြို့ကို ပြန်လည်တည်ဆောက်ပြီး ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။




နှစ်ပေါင်းများစွာအစဉ်အဆက်လုပ်ကိုင်ခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာတော့ငွေကြေးဆုံးရှုံးမှုအခက်အခဲများကြောင့်လုပ်ငန်းကိုရပ်နားသွားခဲ့ရပါတယ်။ကုမ္ပဏီဝန်ထမ်းတွေ အလုပ်လုပ်ရာကနေ ဖြစ်လာခဲ့တာကြောင့် ဒီမြို့ကိုကုမ္ပဏီမြို့လို့လည်းခေါ်ကြပါသေးတယ်။Longyear တောင်ကြားမြေနိမ့်ပိုင်းနဲ့ Longyear မြစ်အစပ်မှာတည်ရှိနေပါတယ်။




မြောက်ဝန်ရိုးစွန်းကနေဆိုရင်တော့ မိုင်ပေါင်း ၆၅၀ ခန့် အကွာမှာတည်ရှိနေတာဖြစ်ပါတယ်။မြို့ကို အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီးနှစ်ပိုင်းခွဲထားကာ Skjæringa လို့အမည်ရတဲ့နေရာမှာတော့အစိုးရရုံးဌာနတွေတည်ရှိနေပါတယ်။စီးပွားရေးဆိုင်ရာလုပ်ငန်းတွေနဲ့ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းတွေကတော့ မြစ်အရှေ့ဘက်ကမ်းမှာတည်ရှိနေပြီးဒီနေရာကိုတော့ Sjøskrenten လို့ ခေါ်ပါတယ်။




နေထိုင်သူအများဆုံးရှိတဲ့နေရာကတော့ Gruvedalen လို့ခေါ်ပြီး ဒီနေရာမှာဈေးဆိုင်များစွာနဲ့ မြို့တော်ခန်းမတို့ တည်ရှိနေပါတယ်။ဒီမြို့မှာ နှစ်စဉ်နှစ်တိုင်းအောက်တိုဘာ ၅ ရက်နေ့လောက်မှာ နေဝင်သွားပြီးတဲ့နောက် အဲဒီနေကို ၅ လ နီးပါးနောက်ထပ်မြင်တွေ့ရခြင်းမရှိတော့ပါဘူး။ရက်ပေါင်း ၁၅၅ ရက်ခန့်အကြာနောက်နှစ်ရဲ့ မတ်လ ၈ ရက်နေ့မှာမှနေကိုနောက်တဖန်ပြန်မြင်ကြရလေ့ရှိပါတယ်။

အဲဒီကာလမှာတော့ဒီမြို့ရဲ့အချိန်အများစုဟာမှောင်အတိပြီးလျက်ရှိပါတယ်။ဒါနဲ့ ပြောင်းပြန်ဧပြီလ ၁၈ ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အထိ ၄လ ကျော်ကာလမှာတော့ အမြဲလိုလိုနေထွက်ပြီး လင်းနေတတ်ပြန်သတဲ့။ဒီကာလကိုတော့သန်းခေါင်ယံမှာ နေပြန်ထွက်တဲ့ ကာလ midnight sun လို့ ခေါ်လေ့ ရှိကြပါတယ်။

ဒီမြို့ရဲ့ ညဘက်ကောင်းကင်ယံမှာတော့အလွန်လှပတဲ့ ဥတ္တရအလင်းတန်းတွေကိုမြင်တွေ့ရလေ့ရှိပြီး ဒါဟာဒီမြို့ကိုခရီးသွားတွေလာရခြင်းရဲ့အဓိကအချက်တချက်လည်း ဖြစ်ပါတယ်။အာတိတ်ဒေသရဲ့ ဘုရင်လို့တင်စားကြတဲ့ပိုလာဝက်ဝံတွေကိုလည်း ဒီမြို့ပတ်ဝန်းကျင်မှာ မကြာခဏ မြင်တွေ့ရလေ့ ရှိပါတယ်။ပိုလာဝက်ဝံကောင်ရေ ၃၀၀၀ ခန့်ရှိပြီး လူတွေကို အန္တရာယ် ပြုတတ်တာကြောင့် မြို့ခံတွေအတွက် ပြင်းအားကြီးတဲ့ ရိုင်ဖယ်Gသ.န.တ်တွေကို ကိုင်ဆောင်ခွင့် ပြုထားရပါတယ်။

ဒီမြို့နဲ့ ပတ်သက်လို့ လူသိများတဲ့ ဥပဒေတခုကတော့ လူGသဆုံးခြင်းကိုတားမြစ်ထားတာပါတဲ့။ တကယ်တော့ Gသဆုံးတာကိုတားမြစ်ခြင်းမဟုတ်ဘဲ မြုပ်နှံခွင့်မပြုတာသာဖြစ်ပါတယ်။၁၉၅၀ ခုနှစ်ဝန်းကျင်မှာသိပ္ပံပညာရှင်တွေဟာ DB (၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးကြောင့် Gသဆုံးခဲ့သူ) ကိုစစ်ကြည့်တဲ့အခါကူးစက်ရောဂါရဲ့ ဗိုင်းရပ်စ်ပိုး အကြွင်းအကျန်တွေ ကျန်ရှိနေတာကိုတွေ့ရပါတယ်။
ဒါဟာ မြုပ်နှံခြင်းကိုတားမြစ်တဲ့ အချက်တချက်ဖြစ်ပြီးနောက်တချက်ကတော့ဒီမြို့ဟာအပူချိန် အနုတ် ၁၂ ဒီဂရီ ဝန်းကျင်အထိအေးခဲတတ်တဲ့ ရာသီဥတုကြောင့် DB တွေဟာ ပုပ်သိုးခြင်း မရှိဘဲ ရှိနေမှာ စိုးတဲ့အတွက်ဖြစ်ပါတယ်။ဒီမြို့မှာ DB မြုပ်နှံခွင့် မရှိပေမယ့်အစိုးရရဲ့ခွင့်ပြုချက်ယူကာမီးသဂြိုဟ်ပြီး ပြာကို မြုပ်မယ်ဆိုရင်တော့ခွင့်ပြုပါသတဲ့။

ဒါပေမယ့် ဒီရွေးချယ်ချက်ကို မည်သူမှ ရွေးလေ့မရှိဘဲ Gသလုမျောပါး ဖြစ်နေစဉ် (သို့) Gသဆုံးပြီးချိန်မှာ နော်ဝေး ကုန်းမကြီးဘက်ကိုသင်္ဘော ၊လေယာဉ်တို့နဲ့ ချက်ချင်း ပို့ပစ်ကြလေ့ရှိပါတယ်။အိမ်ရောင်စုံနဲ့အေးချမ်းလှပနေဟန် ရှိတဲ့ ဒီမြို့ဟာ တခါတရံမှာတော့အလွန်ပြင်းတဲ့နှင်းမုန်တိုင်းဒဏ်ကိုခံရတတ်ပါတယ်။
နှင်းထုများပြိုကျမှုကြောင့် အဆောက်အုံတွေ ပျက်စီးတတ်တာကြောင့် ၂၀၁၈ ခုနှစ်မှာတော့ နော်ဝေး အစိုးရဟာ အမေရိကန်ဒေါ်လာ ၄၁ သန်းခန့်အကုန်အကျခံပြီး ပိုမိုခိုင်ခံ့ကောင်းမွန်တဲ့အဆောက်အအုံတွေကိုတည်ဆောက်ပေးခဲ့ပါတယ်။ဒီမြို့ဟာ လက်ရှိအချိန်မှာတော့ ခရီးသွားလာရေးလုပ်ငန်းနဲ့ သုတေသနလုပ်ငန်းတွေကို အဓိကလုပ်ကိုင်လျှက်ရှိပါတယ်။

Svalbard ဒေသ အစိုးရ ရုံးစိုက်ရာမြို့ ဖြစ်သလို တက္ကသိုလ် ပညာရပ်တွေကို သင်ကြားနိုင်တဲ့ တက္ကသိုလ်စင်တာ၊ ကမ္ဘာပေါ်က အသီးအနှံမျိုးစေ့ပေါင်း ၄၀၀၀၀၀ ကျော်ကို သိုလှောင်ထားရာ Svalbard မျိုးစေ့ဘဏ်၊Svalbard ဂြိုဟ်တုစတေရှင်၊Svalbard လေဆိပ်နဲ့ Svalbard ဘုရားကျောင်း စတာတွေရှိနေတဲ့ မြို့လည်းဖြစ်ပါတယ်။နေထိုင်သူ ၂ ထောင်ကျော်သာ ရှိတဲ့ ဒီမြို့ကို နှစ်စဉ် နှစ်တိုင်း ခရီးသွား ၃၀၀၀၀ ခန့်ဟာ ခက်ခက်ခဲခဲ လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။