ကမ္ဘာ့ရွှေစျေး ကျ၍ စျေးကွက်ပျက်နေသည့် ပြည်တွင်းရွှေစျေးကွက်
ကမ္ဘာ့ရွှေဈေးအကျဘက်တွင်ရှိနေသည့်အတွက်အဝယ်သမားများစောင့်ကြည့်နေပြီးရွှေဈေးအတက်ကို စောင့်နေသူများကြောင့်ဈေးကွက်အတွင်းအရောင်းအဝယ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှသိရသည်။




“ရွှေဆိုင်တွေကမှတ်ပုံတင်တော့တင်နေကြတယ်၊အရောင်းအဝယ်ကတော့အေးတယ်၊ကမ္ဘာ့ဈေးကကျနေတယ်၊လူတွေကဈေးကျနေတယ်ဆိုတော့စောင့်နေတာပေါ့၊ကမ္ဘာ့ဈေးတက်ရင်တက်မယ်ဆိုပြီးတော့လုဝယ်ပြန်ရော၊အဲဒီလိုဖြစ်နေတယ်၊အရောင်းအဝယ်ကတော့အေးတယ်။




တချို့ဆိုင်တွေဆိုရင်ဈေးဦးတောင်မပေါက်ဘူး၊တချို့ဆိုင်တွေကျတော့လည်းရောင်းရပါတယ်၊အလှူအတန်း၊မင်္ဂလာဆောင်တွေရှိတဲ့အခါကျတော့ရောင်းရတယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။




မနေ့က ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၃၉ ကျပ်ဖြစ်ပြီးအသင်း၏ ကြမ်းခင်းရည်ညွှန်းဈေးနှုန်းမှာလည်းကျပ် ၂၁၆၆၅၀၀ ရှိကြောင်းသိရသည်။လက်ရှိတွင် ကမ္ဘာ့ရွှေဈေးကျနေသော်လည်း အမေရိကန်ငွေလဲနှုန်းမှာ ပြင်ပငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ၂၈၈၀ ဝန်းကျင်ရှိနေပြီး

ပြင်ပရွှေဈေးကွက်မှာလည်း အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားလျှင်ကျပ် ၂၈၄၃၀၀၀ ဖြင့်ပြန်လည်မြင့်တက်လာကြောင်းသိရသည်။ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှရွှေဆိုင်များနှင့် ရွှေကုန်သည်များအနေဖြင့် မီးလင်းရွှေတစ်ကျပ်သားလျှင် ၂၇၉၀၀၀၀ ကျပ်ဖြင့် ရောင်းချရန် အသိပေးထုတ်ပြန်ထားကြောင်းလည်းသိရသည်။