ရေရှားသည့် ဒေသတွေမှာ ရေတကယ်ရသည့် တန်ဖိုးနဲ သဲတမံပြုလုပ်နည်း

ရေရှားသည့် ဒေသတွေမှာ ရေတကယ်ရသည့် တန်ဖိုးနဲ သဲတမံပြုလုပ်နည်း

ရေရှားပြီးရဖို့မလွယ်ကူတဲ့အညာဒေသမှာအလွန်အသုံးဝင်တဲ့တန်ဖိုးနည်း သဲတမံ (Sand Dam) ပြုလုပ်နည်းကိုဖော်ပြလိုက်ပါတယ်။ရေလိုအပ်တဲ့စိုက်ပျိုးရေးတောင်သူဦးကြီးတွေအကြိုက်တွေ့စေမယ့်အဖိုးနည်းဝန်ပါနည်းလမ်းဖြစ်ပါတယ်။

သဲချောင်းကို ရေမစိမ့်နိုင်တဲ့ အောက်ခံမြေသားထိ တူးပြီး တမံငယ်လေး ဖြတ်ပိတ်လိုက်တယ်။ မိုးကာလ ရေစီးချိန် တမံအထက်မှာ သဲတွေ ပို့သွားတယ်။ရေမစိမ့်နိုင်တဲ့မြေထိ တမံပိတ်ထားလို့ ရေတွေကထွက်စရာမရှိဘူး။

သဲတွေထဲမှာရေ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းအထိခိုအောင်းနေတယ်။နွေရာသီမှာရေရှားလာရင်ထုတ်သုံးရုံပါပဲ။သဲထဲကရေမို့ အငွေ့မပျံဘူး။အညစ်အကြေးနည်းတယ်။ခိုအောင်းနေတဲ့ရေတွေကြောင့် ချောင်းချောက်ဘေးဝဲယာစိမ်းလန်းလာတယ်။

တမံစာရိတ်ကရတဲ့အကျိုးကျေးဇူးနဲ့ယှဉ်ရင်မပြောပလောက်ဖူး။တပိုင်တစ်နိုင်လုပ်နိုင်တယ်။အခြား တိုင်းပြည်တွေမှာရှိတယ်။သဲချောင်းတွေပေါပြီးရေရှားတဲ့အညာဒေသအတွက်အဖြေ ဖြစ်နိုင်တယ်။ယခု ရာသီဥတုနဲ့ကနည်းပညာအသစ် စရိတ်နည်းတဲ့နည်းလေးတွေလုပ်ပြီးသုံးတာပိုအကျိုးရှိနိင်ပါတယ်။

Facebook Comments Box