ယခုလမှစပြီး နောက်နှစ်လအတွင်း အပူချိန်ပိုမြင့်ပြီးရာသီဥတုဖောက်ပြန်နိုင်ကြောင်းသတိပေးချက်ထုတ်ပြန်
ယခု နွေရာသီနေ့အပူချိန်တွေပိုမြင့်လာမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြိုတင်သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ယခုမတ်လအတွင်းနဲ့လာမည့်ဧပြီ နှင့်မေလတွေမှာ




နေ့အပူချိန်တွေတဖြည်းဖြည်းမြင့်တက်ကာအပူပြန်ရာကနေမိုးတိမ်တောင်တွေ ဖြစ်လာနိုင်လို့ ရာသီဥတုဖြစ်စဉ်တွေကိုလည်းသတိပြုဖို့လိုအပ်တယ်လို့ဆိုပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်ချိန် ရဲ့ သဘောသဘာဝထဲမှာအဆိုပါတိမ်တောင်ရွေ့လျားရာနေရာတစ်လျှောက်မှာလေပြင်းတိုက်ခေတ်တာ၊ လေပြင်းနဲ့အတူမိုးထစ်ချုန်းတာ၊




မိုးကြိုးပစ်တာ၊လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်လာနိုင်ကြောင်းသိရပါတယ်။ဒါကြောင့် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ကထုတ်ပြန်ထားတဲ့ကြိုတင်သတိပေးချက်တွေအရနွေကာလဖြစ်တဲ့ မတ်လ ၊ ဧပြီလနဲ့




မေလတွေအတွင်း ဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို အပါအဝင် ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းခရီးစဉ်တွေ လည်းကြိုတင်သတိပြုသွာလာကြဖို့ အသိပေးထားပါတယ်။
