ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးစာရင်းဝင် တဲ့ သူတောင်းစား(၅)ဦးအကြောင်း

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးစာရင်းဝင် တဲ့ သူတောင်းစား(၅)ဦးအကြောင်း

အခုတစ်ခေါက်တင်ဆက်မယ့်အကြောင်းအရာကတော့အတော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမယ့် အကြောင်းအရာဖြစ်မယ်ထင်ပါတယ်။ဘယ်လိုမျိုး အကြောင်းအရာတွေ ဖြစ်မလဲဆိုတာကိုတော့ ဒီစာလေးကိုဆက်လက်ဖတ်ရှုပေးကြပါဦးနော်။

လောကမှာဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဆိုတာကဆန့်ကျင်ဘက်သဘောဆောင်တဲ့အသုံးအနှုန်းလို့ ဆိုလို့ ရမယ်ထင်ပါတယ်။သူဌေး တစ်ဦးနဲ့ ဆင်းရဲသားတစ်ဦးဆိုရင်လဲနေထိုင်၊ဝတ်စား၊သွားလာမှုတွေမှာ ခြားနားချက်ကအတော်လေးများမှာအမှန်ပါပဲ။

အခုဒီဆောင်းပါးလေးမှာဖော်ပြမယ့်ပုဂ္ဂိုလ်တွေကဒီလိုအခြေအနေ (၂) ရပ်စလုံးကိုတစ်ပြိုင်တည်းရရှိ ပိုင်ဆိုင်ထားတဲ့သူတွေ ဖြစ်ပါတယ်။ပိုက်ဆံချမ်းသာတဲ့ သူတောင်းစားတွေလို့လည်း ဆိုရမယ်ထင်ပါတယ်။သူတို့တွေကတော့

၅။ ဘာရာ့ဂျိန်း (Bharat Jain)

အိန္ဒိယနိုင်ငံသားဖြစ်တဲ့ဂျိန်းဟာတောင်းရမ်းစားသောက်သူတစ်ဦးဆိုပေမယ့် အထင်တော့ သေးလို့ မရပါဘူး။သူက နယူးဒေလီမြို့ မှာရူပီးသိန်း (၈၀) တန်တဲ့ (BHK) လူနေတိုက်ခန်းတွဲ (၂) ခုကိုပိုင်ဆိုင် ထားတယ်လို့သိရပါတယ်။

BHK ဆိုတာကတော့အိပ်ခန်း၊ ဟောခန်းနဲ့၊ မီးဖိုချောင် ပါဝင်တဲ့တိုက်ခန်းမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။လစဉ် ရူပီး (၁၀,၀၀၀) နဲ့ ငှားရမ်းထားတဲ့ ဆိုင်တစ်ဆိုင်ကိုလည်း ဂျိန်းက ပိုင်ဆိုင်ထားပါသေးတယ်။ဒါကြောင့် ဂျိန်းရဲ့ ပျမ်းမျှ တစ်လဝင်ငွေက အိန္ဒိယ ရူပီး (၇၅,၀၀၀) လောက် ရှိတယ်လို့သိရပါတယ်။

၄။ အီရှာ (Eisha)

အီရှာကတော့ အသက် (၁၀၀) အရွယ်တောင်းရမ်းစားသောက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကွယ်လွန်သွားခဲ့တာကြာပြီ ဖြစ်တယ်လို့သိရပါတယ်။သူမသေဆုံးပြီးနောက်မှာသူမရဲ့ ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသခဲ့ရာမှာတော့ အားလုံးမျက်လုံးပြူးခဲ့ရပါတယ်။

ဘာလို့လဲဆိုတော့သူမရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ သန်းချီပြီးကျန်ရစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။သူမရဲ့ ပိုင်ဆိုင်မှုတွေမှာအဆောက်အဦး (၄) ခုအပြင်ဒေါ်လာတစ်သန်းလောက်ရှိတဲ့ ရတနာတွေနဲ့ရွှေဒင်္ဂါးတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

၃။ ဆိုင်မွန်ရိုက် (Simon Wright)

ဆိုင်မွန်ရိုက် (Simon Wright) ဟာ အလွန်ဆင်းရဲပေမယ့် ဗြိတိန်ရဲ့ ဥပဒေအချို့အရ သူ့အနေနဲ့ တောင်းရမ်းစားသောက်ခွင့် မရှိတာကြောင့် အခက်တွေ့နေမယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ဆိုင်မွန်ရိုက်ဟာအင်္ဂလန်နိုင်ငံ ဖူလ်ဟမ်မြို့ကတိုက်ခန်းမှာ ဇိမ်ကျကျနေထိုင်နေတဲ့သူ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလို နေနိုင်တာလဲ ဆိုတော့−အင်္ဂလန်မှာ တောင်းရမ်း စားသောက်ခွင့် မရှိတဲ့သူတွေကို အခြားသူတွေက လှူဒါန်းမှုပြုတဲ့အနေနဲ့ ပေးအပ်တဲ့ငွေတွေသူ့မှာအမြောက်အများရှိနေလို့ ဖြစ်ပါတယ်။သူ့ဝင်ငွေက တစ်နှစ်ကို ပေါင် (၅၀,၀၀၀) ကနေ ပေါင် (၃၀၀,၀၀၀) အထိ ရှိတယ်လို့သိရပါတယ်။

၂။ ရွန်ဖန်း (Rongfeng)

ရွန်ဖန်း (Rongfeng) ရဲ့ဘဝအစပိုင်းကအတော်လေးကို ဆင်းရဲ နွမ်းပါးတယ်လို့သိရပါတယ်။ သူ့ဘဝရဲ့ ကယ်တင်ရှင်လို့ဆိုရမယ့်ခေါက်ဆွဲဆိုပိုင်ရှင်အမျိုးသမီးနဲ့မဆုံတွေ့ခင်အချိန်ထိတော့ ရွန်ဖန်းဟာ လမ်းပေါ်မှာသာ အိပ်ခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။

သူမဟာ ရွန်ဖန်းကို အစားအစာ ကျွေးမွေးတဲ့အပြင် သွားစရိတ် လာစရိတ်နဲ့ ကိုယ်ပိုင် စီးပွားရေးတစ်ခု လုပ်ကိုင်နိုင်ဖို့ ငွေကြေး အထောက်အပံ့တွေကိုပါပေးခဲ့တယ်လို့ သိရပါတယ်။ဒီလိုနဲ့ ရွန်းဖန်းဟာ ကြိုးစားပြီး ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်ခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ ချမ်းသာလာခဲ့ပါတယ်။

ရွန်းဖန်းဟာ သူ့ရဲဘဝကို သုညကနေ ဒီအခြေအနေ ရောက်ရှိလာအောင် ကူညီပေးခဲ့တဲ့ အမျိုးသမီးကိုလည်း ကျေးဇူးဆပ်နဲ့အနေနဲ့ ဒေါ်လာ (၁၆၃,၀၀၀) ပြန်လည်ပေးခဲ့တယ်လို့ သိရပါတယ်။

၁။ တက်ဒ်ဝီလီယံ (Ted Williams)

အမေရိကန်အခြေစိုက်သူတောင်းစားတစ်ဦး ဖြစ်တဲ့ တက်ဒ်ဝီလီယံ (Ted Williams) ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ အလွန်ဆင်းရဲတဲ့သူ တစ်ဦး ဖြစ်ပါတယ်။သူဟာ အိုဟိုင်းယိုးပြည်နယ်ရဲ့ လမ်းတွေပေါ်မှာ တောင်းစားခြင်းနဲ့အသက်မွေးတဲ့သူလည်းဖြစ်ပါတယ်။

တက်ဒ်ဟာ ထူးချွန်တဲ့ အသံပါရမီရှင် တစ်ဦး ဖြစ်တာကိုသူ့ကိုယ်သူမသိခဲ့ပါဘူး။တစ်နေ့မှာတော့ သတင်းထောက်တစ်ဦးက သူရဲ့အသံပါရမီကိုသတိပြုမိပြီး Video ရိုက်ကာ YouTube ပေါ်မှာတင်ခဲ့ပါတယ်။ဒီ Video ဟာ You tube မှာ တင်ပြီးတစ်ရက်အကြာမှာကြည့်ရှုသူဦးရေများပြားလွန်းတာကြောင့်

တက်ဒ်ဟာလဲကျော်ကြားသူအဖြစ်ကို နေ့ချင်းညချင်းရောက်ရှိ သွားခဲ့ပါတယ်။ဒီ Video ကြောင့် တက်ဒ်ရဲ့ဘဝ ပြောင်းလဲကာ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီစာလေးကို အဆုံးထိ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အယောက်စီတိုင်းကို ကျေးဇူး အထူးတင်ရှိပါတယ်နော်။

ခရက်ဒစ်

Facebook Comments Box