မြို့ကြီး (၁၈) မြို့တွင် မတ်လပထမအပတ် ၁၀ရက်အတွင်း မြစ်ရေမြင့်တက်လာနိုင်

မြို့ကြီး (၁၈) မြို့တွင် မတ်လပထမအပတ် ၁၀ရက်အတွင်း မြစ်ရေမြင့်တက်လာနိုင်

ယခုလ ၁၀ရက်အတွင်း ဖြစ်ပေါ်မယ့် မြစ်ရေအခြေအနေခန့်မှန်းချက်များအနေနဲ့ဧရာဝတီမြစ်ရေ မြို့ကြီး ၁၈မြို့မှာ ၁ပေခန့် မြင့်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရေ ဟာမြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ရွှေကူမြို့၊ကသာမြို့၊သပိတ်ကျင်းမြို့၊မန္တလေးမြို့ ၊ စစ်ကိုင်းမြို့၊မြင်းမူမြို့၊ပခုက္ကူမြို့၊ညောင်ဦးမြို့၊ချောက်မြို့၊ မင်ဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ဟင်္သာတမြို့နဲ့ဇလွန်မြို့တွေမှာလက်ရှိရေအမှတ်ထက်ပေဝက်ကနေ

၁ပေခန့်မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအနှံ့က မြစ်ကြီး မြစ်ငယ် ၁၅စင်း ရဲ့ မြစ်ရေအမှတ်တွေဟာလည်း ၃လက်မက နေ ၁ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

မူလရေ အမှတ်ထက် ၁ပေခန့် မြစ်ရေမြင့်တက်လာနိုင်မယ့်မြစ်တွေကတော့ဧရာဝတီမြစ် ၊ငဝန်မြစ် ၊ တိုးမြစ်တွေဖြစ်ပြီး မိုးလေဝသနဲ့ဇလဗေဒ ဦးစီးဌာနအနေနဲ့မြစ်ကမ်းအနီးနေထိုင်သူတွေအတွက် မြစ်ရေကြီးမှု ခန့်မှန်းချက်တွေ အလျင်းသင့်သလို ခန့်မှန်းထုတ်ပြန်ပေးနေတယ်လို့သိရပါတယ်။

Facebook Comments Box