မြန်မာနိုင်ငံမှာထုထွင်းပြီး ပေါက် ဖော်ကြီးတို့နိုင်ငံမှာ ကမ္ဘာ့ကျော်သွားသည့် ခြင်္သေ့ရုပ်ထုကြီး




လူအယောက် ၂၀ ကျော်နဲ့ ၃ နှစ်ကြာအချိန်ယူပြီးထုထွင်းခဲ့ရတဲ့သစ်သားခြင်္သေ့ကြီးကို ထုတ်ပြခဲ့တဲ့ ပန်းပုဆရာပန်းပုဆရာ Dengding Rui Yao ဟာ သစ်ပင်ပင်စည် တစ်ခုတည်းမှထုထွင်းထားတဲ့မယုံနိုင်စရာကောင်းတဲ့သစ်သားခြင်္သေ့ကြီးတစ်ကောင်ကိုထုတ်ပြခဲ့ပါတယ်။




Yao ဟာ၎င်းပန်းပုကို မြန်မာနိုင်ငံမှာလက်ထောက်လူအယောက် ၂၀ နဲ့ သုံးနှစ်အကြာထုထွင်းပြုလုပ်ခဲ့ရပြီးနောက်အမြဲတမ်းနေထိုင်တဲ့တ.ရုတ်နိုင်ငံဝူဟန်မြို့ Fortune Plaza Times Square ရှိနေအိမ်သို့ ပြောင်းရွေ့သယ်ဆောင်လာခဲ့တာပါ။




တိုင်းတာချက်အရ ၎င်သစ်သားခြင်္သေ့ကြီးက ၄၇.၅ ပေ အရှည် ၊၁၆.၄ ပေ အမြင့် နဲ့ ၁၃.၁ ပေ အကျယ် ရှိပါတယ်။အကယ်လို့ ထိုတိုင်းတာမှု မှန်ကန်ပါက ၎င်းခြင်္သေ့ကြီးဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး သစ်သားပန်းပုဖြစ်နိုင်ပါတယ်။




သို့ပေမဲ့ Guinness World Records ရဲ့ Website အရ Chunhui Zheng ရဲ့ ပန်းပုက အရှည်ဆုံးအဖြစ် အသိအမှတ်ပြု ခံထားရတာကြောင့် ဒီခြင်္သေ့ကြီးကို တရားဝင်အတည်မပြုရသေးပါဘူး။သို့ပေမဲ့ အဆိုပါခြင်္သေ့ကြီးကတော့မယုံနိုင်လောက်အောင်ဘဲလက်ရာပြောင်မြောက်နေပါတယ်ဗျာ။

မြန်မာပြည်ကပန်းပုဆရာများရဲ့လက်ရာကကမ္ဘာ့ပန်းပုဈေးကွက်ကိုထိုးဖောက်နိုင်တဲ့အရည်အချင်းရှိကြောင်းကိုလည်းသစ်သားခြင်္သေ့ပန်းပုရုပ်ကြီးကသက်သေခံနေပါတယ်။သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာပြည်ကြီးမှာဒီလိုသစ်ပင်ကြီးပေါင်း မြောက်များစွာ ရှိပြီးအကျိုးရှိရှိ ထုတ်လုပ်သုံးစွဲပါကကမ္ဘာကျော်လက်ရာများဖြစ်လာနိုင်ကြောင်းအကြံပေးလိုက်ရပါတယ်ခင်ဗျာ။

ခရက်ဒစ်
ျမန္မာႏိုင္ငံမွာထုထြင္းၿပီး ေပါက္ေဖာ္ႀကီးတို႔ႏိုင္ငံမွာ ကမာၻ႔ေက်ာ္သြားသည့္ ျခေသၤ့႐ုပ္ထုႀကီး
လူအေယာက္ ၂၀ ေက်ာ္နဲ႔ ၃ ႏွစ္ၾကာအခ်ိန္ယူၿပီးထုထြင္းခဲ့ရတဲ့သစ္သားျခေသၤ့ႀကီးကို ထုတ္ျပခဲ့တဲ့ ပန္းပုဆရာပန္းပုဆရာ Dengding Rui Yao ဟာ သစ္ပင္ပင္စည္ တစ္ခုတည္းမွထုထြင္းထားတဲ့မယုံႏိုင္စရာေကာင္းတဲ့သစ္သားျခေသၤ့ႀကီးတစ္ေကာင္ကိုထုတ္ျပခဲ့ပါတယ္။

Yao ဟာ၎ပန္းပုကို ျမန္မာႏိုင္ငံမွာလက္ေထာက္လူအေယာက္ ၂၀ နဲ႔ သုံးႏွစ္အၾကာထုထြင္းျပဳလုပ္ခဲ့ရၿပီးေနာက္အၿမဲတမ္းေနထိုင္တဲ့တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕ Fortune Plaza Times Square ရွိေနအိမ္သို႔ ေျပာင္းေ႐ြ႕သယ္ေဆာင္လာခဲ့တာပါ။
တိုင္းတာခ်က္အရ ၎င္သစ္သားျခေသၤ့ႀကီးက ၄၇.၅ ေပ အရွည္ ၊၁၆.၄ ေပ အျမင့္ နဲ႔ ၁၃.၁ ေပ အက်ယ္ ရွိပါတယ္။အကယ္လို႔ ထိုတိုင္းတာမႈ မွန္ကန္ပါက ၎ျခေသၤ့ႀကီးဟာ ကမာၻေပၚမွာ အရွည္လ်ားဆုံး သစ္သားပန္းပုျဖစ္ႏိုင္ပါတယ္။

သို႔ေပမဲ့ Guinness World Records ရဲ႕ Website အရ Chunhui Zheng ရဲ႕ ပန္းပုက အရွည္ဆုံးအျဖစ္ အသိအမွတ္ျပဳ ခံထားရတာေၾကာင့္ ဒီျခေသၤ့ႀကီးကို တရားဝင္အတည္မျပဳရေသးပါဘူး။သို႔ေပမဲ့ အဆိုပါျခေသၤ့ႀကီးကေတာ့မယုံႏိုင္ေလာက္ေအာင္ဘဲလက္ရာေျပာင္ေျမာက္ေနပါတယ္ဗ်ာ။
ျမန္မာျပည္ကပန္းပုဆရာမ်ားရဲ႕လက္ရာကကမာၻ႔ပန္းပုေဈးကြက္ကိုထိုးေဖာက္ႏိုင္တဲ့အရည္အခ်င္းရွိေၾကာင္းကိုလည္းသစ္သားျခေသၤ့ပန္းပု႐ုပ္ႀကီးကသက္ေသခံေနပါတယ္။သယံဇာတ ေပါႂကြယ္ဝတဲ့ ျမန္မာျပည္ႀကီးမွာဒီလိုသစ္ပင္ႀကီးေပါင္း ေျမာက္မ်ားစြာ ရွိၿပီးအက်ိဳးရွိရွိ ထုတ္လုပ္သုံးစြဲပါကကမာၻေက်ာ္လက္ရာမ်ားျဖစ္လာႏိုင္ေၾကာင္းအႀကံေပးလိုက္ရပါတယ္ခင္ဗ်ာ။
ခရက္ဒစ္