အိမ်ခြံမြေတန်ဖိုး သတ်မှတ်ချက်တွေ တင်ပြဖို့ လျှောက်လွှာတွေခေါ်ယူ
အိမ်ခြံမြေတန်ဖိုးသတ်မှတ်ပေးရန်တင်ပြရမယ့်လျှောက်လွှာတွေကိုလာမယ့်လအတွင်းလာရောက်တင်ပြကြဖို့ ကာလတန်ဖိုးစီစစ်သတ်မှတ်ရေးအဖွဲ့(ရန်ကုန်တိုင်း)ကအသိပေးကြေငြာချက်ထုတ်ထားပါတယ်။




ရန်ကုန်မှာ ယခု၂၀၂၂- ၂၀၂၃ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေတန်ဖိုးသတ်မှတ်ပေးရန်တင်ပြမယ့် လျှောက်လွှာများကိုလာမယ့်မတ်လ၁၇ရက် ညနေ၄နာရီခွဲ မှာကာလတန်ဖိုးစီစစ်သတ်မှတ်ရေးအဖွဲ့ကို နောက်ဆုံးထားတင်ပြ ကြရမယ်လို့ဆိုပါတယ်။




အိမ်ခြံမြေတန်ဖိုးသတ်မှတ်ဖို့ ဆန္ဒပြုလျှောက်လွှာတင်သွင်းပြီးပါကမတ်လ၁၈ရက် ကနေ ၂၄ရက်အတွင်းကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ကာတန်ဖိုးသတ်မှတ်အစည်းအဝေးကျင်းပသွားမယ်လို့ သိရပါတယ်။




ရန်ကုန်မှာ အိမ်ခြံမြေ တန်ဖိုးများကိုကာလတန်ဖိုးစီစစ်သတ်မှတ်ရေးအဖွဲ့ကဘဏ္ဍာနှစ်အလိုက် တန်ဖိုးသတ်မှတ်ပေးနေပါတယ်။အိမ်ခြံမြေတန်ဖိုးတွေ သတ်မှတ်ပြီးပါကလည်း အခွန်ထမ်းပြည်သူတွေကိုဝင်ငွေခွန်ကောက်ခံမှာဖြစ်ရာမတ်လ၂၈ရက်ကနေ ၃၁ရက်အထိဝင်ငွေခွန်ကောက်ခံမယ်လို့ ကာလတန်ဖိုးစီစစ်သတ်မှတ်ရေးအဖွဲ့(ရန်ကုန်တိုင်း)ရဲ့ အသိပေးကြေညာချက်မှာဖော်ပြထားပါတယ်။
