ဖေဖော်၀ါရီလအတွင်း ဖြစ်ပေါ်နေခဲ့ သည့် ဒေါ်လာနှင့် ရွှေစျေးကွက်အခြေအနေ

ဖေဖော်၀ါရီလအတွင်း ဖြစ်ပေါ်နေခဲ့ သည့် ဒေါ်လာနှင့် ရွှေစျေးကွက်အခြေအနေ

ဖေဖော်ဝါရီလပြည်တွင်းငွေကြေးဈေးကွက်အတွင်းဒေါ်လာအရောင်းအဝယ်မှာပုံမှန်အတိုင်းသာရှိခဲ့တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီကသိရပါတယ်။ဖေဖော်ဝါရီလအစမှယနေ့အထိ ပြင်ပငွေကြေးဈေးကွက်မှာအမေရိကန်တစ်ဒေါ်လာကိုကျပ် ၂၈၀၀ မှ ၂၉၀၀ ဝန်းကျင်ကြားမှာရှိနေခဲ့ပြီး

ကြိုက်ရောင်းကြိုက်ဝယ်စနစ်နဲ့ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ယနေ့ဖေဖော်ဝါရီ ၂၇ ရက် ပြင်ပဒေါ်လာဈေးကွက်ပိတ်ချိန် တစ်ဒေါ်လာကို ကျပ် ၂၈၆၇ ကျပ်မှ ၂၈၇၇ ကျပ် ဝန်းကျင် နဲ့ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းရွှေနဲ့ ငွေကြေးဈေးကွက်တည်ငြိမ်စေဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပြီး ပြင်ပဒေါ်လာပေါက်ဈေးအတိုင်း အရောင်းအဝယ်ပြုလုပ်နေတဲ့ လိုင်စင်ရငွေလဲကောင်တာတွေကို အရေးယူမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိ ဗဟိုဘဏ်က မှတ်ပုံတင်ထုတ်ပေးထားတဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေအနေနဲ့ Money Changerလုပ်ငန်း ဆောင်ရွက်လိုပါကဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှမဟုတ်ဘဲသီးခြားကုမ္ပဏီသို့မဟုတ် မိခင်ကုမ္ပဏီအမည်နဲ့သာလျှောက်ထားဖို့ မူဝါဒချမှတ်ထားတယ်လို့သိရပါတယ်။

ပြည်တွင်းရွှေစျေးအနေဖြင့် ဖေဖော်၀ါရီလာအစမှနေ၍ ဖေဖော်၀ါရီလ ၂၇ရက်ယနေ့အထိ ကျပ်၂၈သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေပြီး ကမ္ဘာ့ရွှေစျေး အတက် အကျရှိသော်လည်း ပြည်တွင်းရွှေစျေး အတက်အကျမရှိဘဲ ကျပ် ၂၈ သိန်းခွဲဝင်းကျင်ဖြင့် တည်ရှိနေပါသည်။

ဖော်ဖော်၀ါရီလ ၂၇ရက် ယနေ့ ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် 1807 US ဒေါ်လာဖြင့်စျေးစဖွင့်ပြီး ညနေပိုင်းတွင်း 1813 US ဒေါ်လာဖြင့် စျေးပိတ်၍ ကမ္ဘာ့ရွှေစျေးကျသွားသော်လည်း ပြည်တွင်းရွှေစျေးအနေဖြင့်အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၈၅၅၀၀၀ ကျပ်ဖြင့်စျေးစဖွင့်ပြီး ညနေပိုင်းတွင် ၂၈၄၂၀၀၀ ကျပ်ဖြင့်စျေးပိတ်သွားကြောင်းသိရှိရပါသည်။

ကမ္ဘာ့ရွှေစျေးကျသည့်အတွက် ထိုင်းရွှေစျေးကွက်တွင်အရောင်းအဝယ်ကောင်းနေကြောင်းလည်းသိရှိရပြီး ပြည်တွင်းရွှေစျေးကွက်တွင် အရောင်းအဝယ်အေးနေကြောင်းသိရှိရပါသည်။

Facebook Comments Box