ဒေါ်လာ ၁.၃သန်းတန်တဲ့ Rolls Royce Phantom ဇိမ်ခံကားကို တက္ကစီ ကားအဖြစ်ပြောင်းလဲပြေးဆွဲ

ဒေါ်လာ ၁.၃သန်းတန်တဲ့ Rolls Royce Phantom ဇိမ်ခံကားကို တက္ကစီ ကားအဖြစ်ပြောင်းလဲပြေးဆွဲ

အိန္ဒိယသန်းကြွယ်သူဌေးတစ်ဦးကသူ့ရဲ့ ရွှေရောင် ရိုးရွိုက်စ်ကားကို တက္ကစီအဖြစ် ပြောင်းလဲအသုံး ပြုနေလို့လမ်းသွားလာလူတွေမျက်လုံးအပြူးသားဖြစ်ရပါတယ်။ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားကိုအိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက

ပုံမှန်ခရီးသည်တင်ဆောင်တဲ့ တက္ကစီတစ် စီးအဖြစ် ပြောင်းလဲလိုက်တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိပေါက်ဈေးဒေါ်လာ ၁ ဒသမ ၃သန်းတန်ကြေးရှိတဲ့ Rolls Royce Phantom ကားဟာ တက္ကစီကားအဖြစ်အသွင်အပြင်ပြောင်းလဲလိုက်ပြီးလူတွေရဲ့အမြင်အာရုံကိုစွဲဆောင်စေနိုင်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယသတင်းမီဒီယာတွေရဲ့သတင်းအရင်းမြစ်တွေအရကီရာလာပြည်နယ်ကချီမာနား ကျောက်မျက်ရတနာအုပ်စုအကြီးအကဲဒေါက်တာဘော်ဘီ ချီမာနားက သူ့ရဲ့ Rolls Royce Phantom ကားကိုတက္ကစီအဖြစ်ပြောင်းလဲခဲ့ပြီးလူတိုင်းငှားစီးနိုင်ဖို့ ဖြစ်ပေမယ့်

တခြားတက္ကစီတွေထက်တော့ ဈေးအနည်းငယ်ပိုပြီးသတ်မှတ်ထားတယ်လို့ သိရပါတယ်။“ ကျွန်တော် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဒီကားကိုဝယ်ခဲ့တာပါ။သာမန်လူတိုင်းကားစီးခွင့်ကိုရစေချင်တယ်။အဲ့ဒါကြောင့်တက္ကစီအဖြစ်ပြောင်းလဲခဲ့တယ်။

သူတို့စီးတဲ့အခါကျသူတို့ရဲ့ ပျော် ရွှင်မှုနဲ့ အပြုံးတွေကို မြင်ရတာ သဘောကျပါတယ်” လို့ စွန့်ဦးစီးပွားရေးသမားဘော်ဘီချီမာနားက ပြောပြခဲ့ပါတယ်။အရင်တုန်းကတော့ သူဟာသူ့ရဲ့ဒီရွှေရောင်ဇိမ်ခံကားကို အထူးဧည့်သည်တွေဟိုတယ်တွေဆီသွားရောက်လည်ပတ်တဲ့အခါပို့ဆောင်ဖို့အသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။

ေဒၚလာ ၁.၃သန္းတန္တဲ့ Rolls Royce Phantom ဇိမ္ခံကားကို တကၠစီ ကားအျဖစ္ေျပာင္းလဲေျပးဆြဲ

အိႏၵိယသန္းႂကြယ္သူေဌးတစ္ဦးကသူ႔ရဲ႕ ေ႐ႊေရာင္ ႐ိုး႐ြိဳက္စ္ကားကို တကၠစီအျဖစ္ ေျပာင္းလဲအသုံး ျပဳေနလို႔လမ္းသြားလာလူေတြမ်က္လုံးအျပဴးသားျဖစ္ရပါတယ္။ေဒၚလာသန္းေပါင္းမ်ားစြာတန္တဲ့ ဇိမ္ခံကားကိုအိႏၵိယစီးပြားေရးလုပ္ငန္းရွင္တစ္ဦးက

ပုံမွန္ခရီးသည္တင္ေဆာင္တဲ့ တကၠစီတစ္ စီးအျဖစ္ ေျပာင္းလဲလိုက္တာျဖစ္တယ္လို႔သိရပါတယ္။လက္ရွိေပါက္ေဈးေဒၚလာ ၁ ဒသမ ၃သန္းတန္ေၾကးရွိတဲ့ Rolls Royce Phantom ကားဟာ တကၠစီကားအျဖစ္အသြင္အျပင္ေျပာင္းလဲလိုက္ၿပီးလူေတြရဲ႕အျမင္အာ႐ုံကိုစြဲေဆာင္ေစႏိုင္ခဲ့တာျဖစ္ပါတယ္။

အိႏၵိယသတင္းမီဒီယာေတြရဲ႕သတင္းအရင္းျမစ္ေတြအရကီရာလာျပည္နယ္ကခ်ီမာနား ေက်ာက္မ်က္ရတနာအုပ္စုအႀကီးအကဲေဒါက္တာေဘာ္ဘီ ခ်ီမာနားက သူ႔ရဲ႕ Rolls Royce Phantom ကားကိုတကၠစီအျဖစ္ေျပာင္းလဲခဲ့ၿပီးလူတိုင္းငွားစီးႏိုင္ဖို႔ ျဖစ္ေပမယ့္

တျခားတကၠစီေတြထက္ေတာ့ ေဈးအနည္းငယ္ပိုၿပီးသတ္မွတ္ထားတယ္လို႔ သိရပါတယ္။“ ကြၽန္ေတာ္ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္ကဒီကားကိုဝယ္ခဲ့တာပါ။သာမန္လူတိုင္းကားစီးခြင့္ကိုရေစခ်င္တယ္။အဲ့ဒါေၾကာင့္တကၠစီအျဖစ္ေျပာင္းလဲခဲ့တယ္။

သူတို႔စီးတဲ့အခါက်သူတို႔ရဲ႕ ေပ်ာ္ ႐ႊင္မႈနဲ႔ အၿပဳံးေတြကို ျမင္ရတာ သေဘာက်ပါတယ္” လို႔ စြန႔္ဦးစီးပြားေရးသမားေဘာ္ဘီခ်ီမာနားက ေျပာျပခဲ့ပါတယ္။အရင္တုန္းကေတာ့ သူဟာသူ႔ရဲ႕ဒီေ႐ႊေရာင္ဇိမ္ခံကားကို အထူးဧည့္သည္ေတြဟိုတယ္ေတြဆီသြားေရာက္လည္ပတ္တဲ့အခါပို႔ေဆာင္ဖို႔အသုံးျပဳခဲ့တယ္လို႔လည္းသိရပါတယ္။

Facebook Comments Box