online page နှင့် channel တွေမှာ တရားမဝင်ဇာတ်ကားပြသတာတွေအရေးယူမည်

online page နှင့် channel တွေမှာ တရားမဝင်ဇာတ်ကားပြသတာတွေအရေးယူမည်

အွန်လိုင်းပေ့ချ်တွေ၊ ချန်နယ်တွေနဲ့ ဝက်ဘ်ဆိုက်တွေကနေ တရားမဝင် ဇာတ်ကားပြသတာတွေ အရေးယူဖို့ လုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကသိရပါတယ်။နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ အနုပညာဖန်တီးမှုများအားတရားမဝင်ခိုးယူ ဖြန့်ချီခြင်းဆိုင်ရာကာကွယ်တားဆီးရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အစည်းအဝေးမှာ ပြည်တွင်း ပြည်ပရုပ်ရှင်ဇာတ်ကားတွေကိုတရားမဝင်ပြသတာနဲ့ရောင်းချတာတွေလုပ်ဆောင်လျက်ရှိတဲ့ Channel တွေ၊ Website တွေနဲ့ Facebook Page တွေကိုအရေးယူ ဆောင်ရွက်ဖို့လိုအပ်တယ်လို့အနုပညာဖန်တီးမှုများအားတရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန၊

ဒုတိယဝန်ကြီးဦးရဲတင့်ကပြောပါတယ်။အရေးယူဆောင်ရွက်တာမပြုလုပ်ရင်နောင်တစ်ချိန်မှာဆိုးရွားတဲ့ မူပိုင်ခွင့်ချိုးဖောက်မှုတွေဖြစ်လာနိုင်တဲ့အပြင်အခြားမသမာသူတွေကစီးပွားရေးအရတရားမဝင် လုပ်ကိုင်လာနိုင်တယ်လို့ဆိုပါတယ်။

လက်ရှိ အွန်လိုင်းမှာထုတ်လွှင့်ပြနေတဲ့ဇာတ်ကားတွေက တရားဝင်ထုတ်လွှင့်ပြသတာတွေရှိ သလို မူလလက်ရာတွေကို ခိုးယူပြီး ကိုယ်ကျိုးစီးပွားအတွက်အွန်လိုင်းမှာတရားမဝင်ပြသတာမျိုး၊ လောင်းကစားအခြေပြု Platform တွေတည်ထောင်တာ၊လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေးကဏ္ဍတွေထူထောင်တာနဲ့ ဥပဒေမဲ့ဆောင်ရွက်မှုပြုလုပ်တာတွေဟာ

နေ့စဉ်နဲ့ အမျှတိုးတက်များပြားလာတာကို တွေ့မြင်ရတယ်လို့လည်းပြောပါတယ်။တရားမဝင်ခိုးယူဖြန့်ချိတာတွေကို ကာကွယ်တားဆီးဖို့ အမြန်ဆုံး လုပ်ဆောင်သွားဖို့ လိုတယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

Facebook Comments Box