ဖိလစ်ပိုင်သို့ တင်သွင်းမည့် မြန်မာ့ကြက်သွန်နီစျေးကွက် မဆင်မပြေမှုများရှိနေ

ဖိလစ်ပိုင်သို့ တင်သွင်းမည့် မြန်မာ့ကြက်သွန်နီစျေးကွက် မဆင်မပြေမှုများရှိနေ

ကြက်သွန်နီဈေးအမြင့်ဆုံးရောက်နေတဲ့ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီကို G to G စနစ်နဲ့တင်ပို့ဖို့လုပ်ဆောင်နေပေမယ့် ဖိလစ်ပိုင်ရဲ့ကုန်သွယ်မှုမူဝါဒတွေကြောင့် တင်ပို့ဖို့မလွယ်ကူနိုင်ဘူးလို့ ကြက်သွန်နီတင်ပို့သူတွေကပြောပါတယ်။

အရင်ကဖိလစ်ပိုင်နိုင်ငံသို့ ကြက်သွန်နီတင်ပို့ဖို့ သံရုံးကနေတစ်ဆင့်ညှိနှိုင်းလုပ်ဆောင်ခဲ့ပေမယ့်ဖိလစ်ပိုင်ကကြက်သွန်နီတင်သွင်းဖို့လိုင်စင်ချထားပေးသူနည်းတဲ့အပြင်လိုအပ်ချက်အထောက်အထား တောင်းခံမှုများတဲ့အတွက်တစ်ကြိမ်မှတင်ပို့ခွင့်မရခဲ့ဘူးလို့ မြန်မာနိုင်ငံကြက်သွန်နီ၊ကြက်သွန်ဖြူနှင့်

စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။လက်ရှိဖိလစ်ပိုင်ဈေးကွက်မှာ ကြက်သွန်နီလိုအပ်ချက်များနေချိန် မြန်မာ့ဘက်ကတင်ပို့လိုတဲ့အတွက်ကြက်သွန်နီအသင်းကစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုတင်ပြခဲ့ရာ G to G စနစ်နဲ့တင်ပို့နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့

သက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့သိရပါတယ်။မြန်မာ့ကြက်သွန်နီကပြည်ပဈေးကွက်ကိုအဓိကမှီခိုနေရတဲ့ပို့ကုန်ဖြစ်တဲ့အတွက်ကြောင့် တင်ပို့နိုင်မယ့်ဈေးကွက်တွေ ပိုမိုရရှိဖို့လိုအပ်ပြီးဖိလစ်ပိုင်ဈေးကွက်က မလွယ်ကူတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးမှာ ပိုမိုအားကောင်းနေတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဘက်ကို ပိုမိုတင်ပို့နိုင်ဖို့

ကြက်သွန်နီကုန်သည်တချို့ကလည်း မျှော်လင့်နေကြပါတယ်။မြန်မာ့ကြက်သွန်နီကို အင်ဒိုနီးရှားဈေးကွက်ကအသုံးပြုမှုများပေမယ့်မူဝါဒအရတိုက်ရိုက်တင်သွင်းလို့မရလို့မလေးရှားကနေတစ်ဆင့် မှောင်ခိုတင်သွင်းနေရတာလည်းဖြစ်ပါတယ်။

နှစ်စဉ် မြန်မာ့ကြက်သွန်နီကိုဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှား တို့ကို နယ်စပ်ကနေတင်ပို့နေတာဖြစ်ပြီး ပြည်ပဈေးကွက်အရဆိုရင် မြန်မာ့ကြက်သွန်နီကအရည်အသွေးကောင်းပေမယ့် ဈေးနှုန်းအရအနည်းငယ်ကြီးမြင့်မှုရှိနေတာလည်းဖြစ်ပါတယ်။

Facebook Comments Box