YGEA အသင်းမှ ရွှေရောင်းစျေး သတ်မှတ်ပေးပြီး ယနေ့အမှန်တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ ယနေ့ ရွှေစျေးကွက်ရှိအခြေအနေ

YGEA အသင်းမှ ရွှေရောင်းစျေး သတ်မှတ်ပေးပြီး ယနေ့အမှန်တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ ယနေ့ ရွှေစျေးကွက်ရှိအခြေအနေ

YGEA အသင်းမှသတ်မှတ်တဲ့ ရွှေဈေး ၂၇၉၀၀၀၀ ကျပ်နဲ့ ရွှေဆိုင်တွေဘောင်ချာဖွင့်ပေမယ့်တကယ်ဝယ်ရတဲ့ဈေးကျပ် ၂၈ သိန်းအထက်မှာပဲဆက်ရှိနေတယ်လို့ ရွှေဝယ်ယူသူတွေဆီကသိရပါတယ်။ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက

ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေကို ဖေဖော်ဝါရီ ၂၂ ရက်ကစတင်ပြီး မီးလင်းအခေါက်ရွှေတစ်ကျပ်သား ၂၇၉၀၀၀၀ ကျပ်နဲ့တပြေးညီရောင်းချဖို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ရွှေရောင်းဈေးသတ်မှတ်ပေးလိုက်ပေမယ့်အမှန်တကယ်ဝယ်ရတဲ့ဈေးကကျပ် ၂၈ သိန်းအထက်မှာပဲဆက်ရှိနေတယ်လို့သိရပါတယ်။

“ရွှေဈေးက နှစ်စလောက်ထဲက ၂၈ သိန်းအထက်မှာပဲရှိနေတော့ ထုတ်ပြန်ချက်တွေ့တော့ ဒီနေ့ ရွှေဆိုင်တွေကိုဈေးမေးကြည့်လိုက်တာ။ဘောင်ချာဖွင့်ပေးတဲ့ ဈေးက ၂၇ သိန်း ၉ သောင်း အဲ့ဒါရည်ညွှန်းဈေးအဲ့ဒီဈေးကိုဘောင်ချာမှာဖွင့်ပေးမယ်။တကယ့်ပေါက်တဲ့ ဈေးကတော့ ၂၈ သိန်းအထက်ရှိတော့ အဲ့ဈေးနဲ့ဝယ်ရမယ်။

ရောင်းတဲ့ဝယ်တဲ့အခါမှာလည်း ကိုယ်ဝယ်တဲ့ရွှေကို ပြန်ရောင်းချင်ရင်ရောင်းနေတဲ့ဈေးအောက်နှစ်သောင်းသုံးသောင်းလောက်ခွာဝယ်မယ်ပြောတယ်။အဲ့ဒီတော့ ရွှေဈေးပြောင်းသတ်မှတ်လည်း ဘောင်ချာမှာပဲဈေးပြောင်းတာတကယ်ဝယ်ရတဲ့ဈေးကမပြောင်းတော့ဝယ်သူတွေပဲနစ်နာတာပါ”လို့ ရွှေဝယ်ယူသူတစ်ဦးကပြောပါတယ်။

၂၃ပြ

ဒီနေ့ဖေဖော်ဝါရီ ၂၃ ရက်အတွက်မီးလင်းရွှေရည်ညွှန်းအဖွင့်ဈေးတစ်ကျပ်သား ၂၁၅၄၈၀၀ ကျပ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပြီးဗဟိုဘဏ်သတ်မှတ်ဒေါ်လာဈေးနဲ့တွက်ချက်တဲ့ရွှေရည်ညွှန်းဈေးက အပြင်ပေါက်ဈေးနဲ့ ကျပ်၇သိန်းဝန်းကျင်လောက်ကွာဟနေဆဲဖြစ်ပါတယ်။

Facebook Comments Box