ယခင် အွန်လိုင်းဘွတ်ကင် စနစ်ဖြင့် ရရယူထားသော ပတ်စ်ပို့ရက်ချိန်းများကိုအသစ်ပြန်လည်ရယူရမည်
ပတ်စ်ပို့လျှောက်ထားရာမှာယခင်အွန်လိုင်းဘွတ်ကင်စနစ်ဖြင့်ရယူထားတဲ့ရက်ချိန်းများကိုအသစ်ပြန်လည်ရယူရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ထံကသိရပါတယ်။ပတ်စ်ပို့ရုံးများကိုဖေဖော်ဝါရီလ ၂၄ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး




ရန်ကုန်ရုံးခွဲမှာသာ Online Booking စနစ်ဖြင့် ရက်ချိန်းရယူလျှောက်ထားရမှာဖြစ်ပါတယ်။ပတ်စ်ပို့လျှောက်ထားရာမှာ ယခင်အွန်လိုင်းဘွတ်ကင်စနစ်ဖြင့်ရယူထားတဲ့ရက်ချိန်းမျာကိုပယ်ဖျက်လိုက်တဲ့အတွက် Online Appointment System အသစ်ဖြင့်ရက်ချိန်းအသစ်ပြန်ယူရမယ်လို့ဆိုပါတယ်။




အွန်လိုင်းဘိုကင်စနစ်ကိုမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)မှာသာကျင်းသုံးမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်များရှိ ရုံခွဲများမှာယခင်လျှောက်ထားမှုလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။အွန်လိုင်းဘိုကင်စနစ်ရယူရာမှာ အချိန်ကန့်သတ်မှုမရှိဘဲ ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမယ်လို့ ဖော်ပြထားပါတယ်။




အွန်လိုင်းဘိုကင်လျှောက်ထားရန် အခက်အခဲရှိသူများအနေနဲ့ သက်ဆိုင်ရာမြို့မရဲစခန်းများမှာအကူအညီတောင်း လျှောက်ထားနိုင်တယ်လို့ ထည့်သွင်းရေးသားထားတာလည်းဖြစ်ပါတယ်။ရက်ချိန်းရယူရာမှာနိုင်ငံကူးလက်မှတ်လျှောက်ထားခ ၃၅၀၀၀ ကျပ်ကို အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် တစ်ပါတည်းပြုလုပ်ရမယ်လို့လည်းအသိပေးထားပါတယ်။




အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် လျှောက်ထားရာမှာ ကြားခံပွဲစားများဖြင့်အခကြေးငွေပေးဆောင်ပြီး လျှောက်ထားခြင်းများမပြုလုပ်ဖို့ကိုလည်း အသိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။

ရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ်အသီးသီးကပတ်စ်ပို့ရုံးတွေကိုလာမယ့် ဖေဖော်ဝါရီလ ၂၄ရက်နေ့ကစပြီး ပြန်ဖွင့်တော့မယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။