မီးဖိုချောင်ထဲမှ အသက်ရှည်ဆေး

မီးဖိုချောင်ထဲမှ အသက်ရှည်ဆေးအကြောင်း

အသက်ရှည်လိုပါက (ဂျင်း) ကို မြိုပါ။

မြန် မာနိုင်ငံမှဆရာဝန်တစ်ဦးတိဗက်နိုင်ငံကိုအလည်အပတ်အပက်သွားခဲ့ပါတယ်မိတ်ဆွေတစ်ယောက်၏ညွှန်ကြားမှုဖြင့်တောင်ပေါ်ရွာလေးတစ်ရွာ၏ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာတည်းခိုခွင့်ရခဲ့ပါတယ်

ထိုဘုန်းကြီးတော်ကြီးကျောင်း၏ကျောင်းထိုင်ဆရာတော်လက်ထောက်ဆရာတော်တို မှာ အင်္ဂလိပ်စကားကိုအတော်အသင့်ပြောနိုင်ကြရကားယင်းဆရာဝန်အတွက်လွန်စွာအဆင်ပြေချောမွေ့လှပေသည်ဧည့်ခံလိုက်သည်မှာလည်းအားနာစရာပင် ကောင်းပေတော့သည်

၂ရက်မျှတည်းခိုအပြီးဆရာဝန်မှမိမိတွေ့ခဲ့သည့်ထူးခြားမှုကို ကျောင်းထိုင်ဆရာတော်ကြီးအားမေးမြန်းလျှောက်ထားလိုက်သည်

” အရှင်ဘုရား တပည့်တော်သိလိုသမျှလေးမေးခွင့်ပြုပါဘုရား”

” မေးပါ ဒကာ မေးပါ အားနာစရာမလိုပါ”ထိုအခါ ဆရာဝန်မှ” အရှင်ဘုရားတို့ကျောင်းမှာရဟန်းတော်များအားလုံးအသက်လွန်စွာရှည်နေကြသည်ကိုတွေ့ရပါသည်ဘုရား

ထင်းခွဲနေသည့် ကိုယ်တော် အသက်၈၅ နှစ် ရေခပ် ရေထမ်းနေ သည့်ကိုယ်တော်က၉၁နှစ်ထင်းစည်းအကြီးကြီးကိုထမ်းပိုးနေတဲ့ကိုယ်တော်က ၈၇နှစ်ဘယ်လိုအကြောင်းကြောင့်များဤမျှအသက်ရှည်ရသည်ကိုတပည့်တော်အားမိန့်စေလိုပါသည်ဘုရား”

” အိမ်း မိန့်ရတာပေါ့ဒကာအခု ကျုပ်အသက်ဆို၁၂၁ နှစ် ဘေးကလက်ထောက်ဘုန်းဘုန်းဆို ၁၁၅ နှစ် ဒီအသက်အရွယ်ထိ ဆေးရုံ ဆေးခန်းဆိုတာဘာမှန်းမသိ

အဲသည်ဟာဘာကြောင့်လဲဆိုတော့မောင်ရင်တို့အသားဟင်းချက်ရင်ထုထောင်းပြီးထည့်တဲ့ ဂျင်းကိုသိလား အဲသဟာကို ကလေးဘဝထဲက နေ့စဉ်စားသုံးခြင်းကြောင့်ဘဲဒကာ

မောင်ရင်တို့ဈေးကြီးပေးပြီးဝယ်စားနေတဲ့ဂျင်စင်းမြစ်ထက်အများကြီးပိုကောင်းတယ်ဆိုတာလူတွေမသိကြတာပါဂျင်းလက်တစ်ဆစ်ကိုဘုန်းဘုန်းတို က တော့အာရုံဆွမ်းစားပြီးတာနဲ့တန်းစားလိုက်တာဘဲ မောင်ရင်လည်းဒီအကြောင်းကိုယ့်နိုင်ငံရောက်ရင်များများဖြန့်ဝေပါ”

ကဲ မိမိတွင်ဖြစ်ပွားနေသည့်ရောဂါများ လျော့ပါးသက်သာစေရန်လည်းကောင်းမိမိ၏ ရောက်နေသည့်အသက်မှနောက်ထပ်နှစ်၂၀ခန့်ဆွဲဆန့်နိုင်ရန်လည်းကောင်းဂျင်းလက်တစ်ဆစ်နေ့စဉ်ဝါးစားပါလို့အကြံပြုရင်းနိဂုန်းချုပ်လိုက်ပါရစေ။

အားလုံးသက်ရှည်ကျန်းမာကြပါစေကြောင်းဖြင့် မေတ္တာဖြင့်ကူယူဖော်ပြခြင်းဖြစ်ပါသည်။














Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *