အကင်တွေတုတ်ထိုးတွေမှာစားနေတဲ့အသားတုကိုဘယ်ကရသလဲဆိုတာ သင်သိပါသလား?

အကင်တွေတုတ်ထိုးတွေမှာစားနေတဲ့အသားတုကိုဘယ်ကရသလဲဆိုတာ သင်သိပါသလား?

ကျန်းမာရေး ဗဟုသုတအဖြစ်ဖတ်ကြည့်လိုက်ပါလို့ ပြောပါရစေမိတ်ဆွေအသားတုကို ဘယ်ကနေရတယ်လို့ထင်လဲ?

အသားတုဟာဒီနိုင်ငံမှာတော့တော်တော်လေးအသုံးတွင်ကျယ်တယ်လို့ပြောလို့ရပါတယ်။

လမ်းဘေးတုတ်ထိုးဆိုင်လေးတွေ၊အကင်ဆိုင်လေးတွေကစပြီး၊ခရမ်းချဉ်သီးလေးနဲ့

ချက်ထားတဲ့အသားတုဟင်း၊အသားတုဗလချောင်ကြော်လေးစသည်ဖြင့်အသုံးတွင်ကျယ်လှပါတယ်။

အသားတုကို မြန်မာနိုင်ငံမှာသာမကအာရှမှာတော်တော်များများစားကြပါတယ်။

မြန်မာနိုင်ငံမှာတေ့ာသက်သက်လွတ်ဟင်းပွဲတွေမှာအများဆုံးတွေ့မြင်ရတတ်ပါတယ်။

လူတိုင်းနီးပါးကြိုက်တဲ့အသားတုကိုဘာနဲ့လုပ်ထားတာ လဲဆိုတာရောတွေးကြည့် ဖူးလား ?

မသိသေးဘူးဆိုရင်ပြောပြမယ်နော်

အသားတုကိုအဓိကပြုလုပ်ထားတာကတော့ပဲပိစပ်လို့ခေါ်တဲ့ပဲပုတ်ကပါတဲ့ဗျာ။

၁၉၅၀ ပြည့်နှစ်လောက်တုန်းကFORD ကားကုမ္ပဏီကသိပ္ပံပညာရှင်တယောက်ဟာကားတာယာတွေကိုပဲပုတ်အမျှင်ကနေထုတ်ယူဖို့ကြိုးစားခဲ့ရာကနေမှစားလို့ရတဲ့အသားတုကိုစတင်တွေ့ရှိခဲ့တာပါ။

ပဲပုတ်ကိုအပူချိန်ပြင်းပြင်းနဲ့ အကြာကြီးကြိုပြီးသေးငယ် သောအမျှင်ဆွဲအပေါက်ငယ်တွေကနေဖိအားနဲ့ တွန်းထုတ်လိုက်တဲ့အခါရုတ်တရက်ကျယ်လာပြီးရရှိတဲ့အမျှင်တွေဟာအသားလို စားကောင်ကြောင်းလေ့လာ တွေ့ရှိခဲ့တာပါတဲ့။

ကျန်းမာရေးရှူ ထောင့်ဘက်ကကြည့်မယ်ဆိုရင်လည်းအသားတုမှာအသားကရရှိတဲ့ပရိုတင်းဓါတ်တွေအပြည့်အဝပါဝင်ပါတယ်။

ဒါ့ပြင်အမျှင်ဓါတ်တွေလည်းပါတာကြောင့်အစာခြေစနစ်ကိုကောင်းမွန်စေတယ်။အူလမ်းကြောင်းအတွက် ကောင်းတယ်။

သူ့မှာကျန်းမာရေးအတွက်ကောင်းတဲ့အချက်တွေ တော်တော်များများပါရှိပါတယ်

ဒါကြောင့်မို့အသားတွေမစားရင်ပဲဖြစ်ဖြစ်အသားတုကိုဒီတိုင်းကြိုက်လို့ပဲဖြစ်ဖြစ်ရွေးချယ်သင့်တဲ့စားစရာတစ်မျိုးဖြစ်ပါကြောင်းဗဟုသုတအနေနဲ့ ဖော်ပြလိုက်ရပါတယ်။

Credit – we.com

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *