မိုးမိုးအေးလိုဘဝတူဖြစ်တဲ့ Single Mother တစ်ဦးကို ဆိုင်ဖွင့်ဖို့အတွက် အရင်းအနှီးပြုလုပ်ရန်သွားရောက်လှူဒါန်းခဲ့သည့် သရုပ်ဆောင်ပိုးကြာဖြူခင်

မိုးမိုးအေးလိုဘဝတူဖြစ်တဲ့ Single Mother တစ်ဦးကို ဆိုင်ဖွင့်ဖို့အတွက် အရင်းအနှီးပြုလုပ်ရန်သွားရောက်လှူဒါန်းခဲ့သည့် သရုပ်ဆောင်ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကလက်ရှိ ပြသနေတဲ့ကွက်လပ်မရှိ ဇာတ်လမ်းတွဲမှာပါဝင်နေတာပဲဖြစ်ပါတယ်။ကွက်လပ်မရှိ ဇာတ်လမ်းတွဲကိုဒီဇင်ဘာလ ၂၂ရက်နေ့ကစတင်ပြသခဲ့တာဖြစ်ပြီး

သရုပ်ဆောင်များ အနေနဲ့ကကျော်ထက်ဇော်၊ရှင်မွေလ၊ပိုးကြာဖြူခင်၊ဝိုင်းရွှေရည်၊အလင်းသစ်၊နေလင်းရှိန်းတို့ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းတွဲထဲကသူမရဲ့ဇာတ်ရုပ်ဘဝဖြစ်တဲ့မိုးမိုးအေးလိုဘဝမျိုးကြုံတွေ့နေရတဲ့ရွှေပြည်သာက Single Mother တစ်ဦးဖြစ်တဲ့

မခင်ပြည့်စုံကိုမုန့်ဟင်းခါးဆိုင်ဖွင့်ဖို့အတွက်ငွေကျပ်၁၀သိန်းလှူဒါန်းပေးခဲ့တယ်လို့ ပိုးကြာဖြူခင်ကပြောပါတယ်။ပိုးကြာဖြူခင်က ” ကွက်လပ်မရှိဇာတ်လမ်းတွဲထဲကလို မိုးမိုးအေးနဲ့ဘဝတူရွှေပြည်သာက Single mother တစ်ယောက်ဖြစ်တဲ့မခင်ပြည့်စုံအတွက်မုန့်ဟင်းခါးဆိုင်လေးဖွင့်ဖို့အတွက်မတည်အလှူငွေ ၁၀သိန်းလှူဒါန်းပေးခဲ့ပါတယ်ရှင်။

ဒီအစ်မရဲ့သားတွေအပေါ်ထားတဲ့ မေတ္တာနဲ့ဘဝကိုသတ္တိရှိရှိ ရဲရဲရင့်ရင့် ကြိုးစားဖြတ်သန်းရဲတဲ့စိတ်ဓါတ်ကို ချီးကျူး အားကျမိတဲ့ အတွက် အခု လိုကူညီဖေးမခဲ့တာပါ “လို့ပြောကြားထားပါတယ်။ယခုလက်ရှိပြသနေတဲ့ကွက်လပ်မရှိဇာတ်လမ်းတွဲနဲ့ မိုးမိုး အေးရဲ့ပရိသတ်များအားလုံးထပ်တူပီတိရရှိစေပြီး

ကမ္ဘာပေါ်ရှိ single mother အားလုံးလဲဘဝကိုအဆင်ပြေအောင်မြင်လွယ်ကူစွာနဲ့ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ လည်း သူမက ဆက်လက်ဆုတောင်းစာလည်းရေးခဲ့ပါတယ်။

Facebook Comments Box