အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်သောအလွယ်ကူဆုံးဆေးနည်း

အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်သောအလွယ်ကူဆုံးဆေးနည်း

ခန္ဓာကိုယ်မှာအသည်းဟာအရေးကြီးတ ဲ့အင်္ဂါတစ်ခုဖြစ်သလိုအလုပ်အများဆုံးသောကလီစာလည်းဖြစ်ပါတယ်။ စားအမျှအစာတွေကအဆိပ်တွေကိုဖြေပေးရပါတယ်။

နေ့စဉ်စားနေတဲ့အစာတွေထဲမှာအဆိပ်တွေကအများကြီးပဲ။ဒါကြောင့်အသည်းကောင်းဖို့သိပ်အရေးကြီးပါတယ်။

အသည်းကိုဆေးဖို့အကောင်းဆုံးကတော့မန်ကျည်းဖျော်ရည်ဖြစ်ပါတယ်။မန်ကျည်းသီးဟာအသည်းအတွက်သဘာဝကပေးထားတဲ့ဆေး လည်းဖြစ်ပါတယ်။

အသည်းကိုနုပျိုစေပါတယ်။အသည်းခြောက်ခြင်း၊ကျုံ့ခြင်း၊ကြွပ်ခြင်း၊ဆတ်ခြင်း၊ပုပ်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အခုခေတ်မှာBပိုးCပိုးHပိုးစသည်ဖြင့်ဖြစ်ကြတာဟာအသည်းပုပ်လို့ပါ။ပိုးဆိုတာပုပ်မှတွယ်တာပါ။မပုပ်ရင်မတွယ်ပါဘူး။

အဲ့လိုပိုးမတွယ်အောင်အသည်းကိုဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မန်ကျည်းဖျော်ရည်သောက်ပေးရုံပဲဖြစ်ပါတယ်။

မန်ကျည်းမှည့်လက်တစ်ဆုပ်၊ထန်းလျှက်သင့်ရုံ၊ဆားအနည်းငယ်ကိုမတ်ခွက်ထဲမှာထည့်ပြီးရေနွေးဆူကိုလောင်းထည့်ပါ။

မနက်ထဲကနှပ်ထားရင်ညနေဆိုသောက်လို့ရပါပြီ။ဆန်ကာနဲ့စစ်လိုက်ရင်အရသာရှိတဲ့မန်ကျည်းဖျော်ရည်ကိုရပြီပေါ့။

သံပရာသီးကြိုက်ရင်ညှစ်ထည့်၊အေးအေးလေးသောက်ချင်ရင်ရေခဲထည့်သောက်ပါ။ အသည်းကအဆိပ်အပုပ်တွေသာမကဝမ်းဗိုက်ထဲကအပူအပုပ်တွေလည်းထွက်သွားပြီးလူကပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

အဆိပ်အပုပ်အပူအစပ်တွေကင်း ရှင်းသွားတော့သွေးသားသန့်စင်ပြီးအလှတွေလည်းတိုးပြီပေါ့။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *