မန္တလေးတွင် စက္ကူပန်းနန်းတော်တည်ဆောက်ရန်စီစဉ်
စက္ကူပန်းပင်ပေါင်းတစ်သိန်းကျော်ဖြင့် ပုံဖော်ထားသည့် အပန်းဖြေဥယျာဉ်ကို ကိုဗစ်အလွန်ကာလ တွင် ဖွင့်လှစ်ရန်စီစဉ်နေ

ကိုဗစ်အလွန်ကာလတွင်ခရီးသွားများအားဆွဲဆောင်နိုင်ရန်ရည်ရွယ်၍မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ဦးပိန်တံတားနှင့် တောင်သမန်အင်းအရှေ့တောင်ဘက်ရှိ ရွာသစ်

ကျေးရွာအနီးတွင်စက္ကူပန်းနန်းတော်အပန်းဖြေဥယျာဉ်ကိုစက္ကူပန်းပင်ပေါင်းတစ်သိန်းကျော်ဖြင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းအဆိုပါပန်းနန်းတော်ဥယျာဉ်မန်နေဂျာဦးစိုးဝင်းအောင်ကပြည်မြန်မာကို ပြောသည်။

မန္တလေးဆိုတာအပူပိုင်းဒေသဖြစ်တယ်။ပန်းခြံပန်းဥယျာဉ်ဆိုတာတခြားမြို့တွေကိုသွားပြီးလည်ရတယ်။
ဒါကြောင့်ပန်းခြံတစ်ခုတည်ဆောက်ပြီးဒေသခံတွေနဲ့ ပြည်သူတွေလာရောက်အပန်းဖြေနိုင်ဖို့ရည်ရွယ်ပါတယ်။ကိုဗစ်အလွန်ကာလမှာဖွင့်လှစ်နိုင်အောင်ပြင်ဆင်နေပါတယ်ဟုဦးစိုးဝင်းအောင်က ပြောသည်။

အဆိုပါစက္ကူပန်းနန်းတော်အပန်းဖြေဥယျာဉ်ကိုမြေဧကရှစ်ဧကအတွင်းစက္ကူပန်းမျိုးရင်း ပေါင်း၇၀ကျော်၊အရောင်ခွဲပေါင်း၃၀ကျော်၊စက္ကူပန်းပင်ပေါင်းတစ်သိန်းကျော်ဖြင့်ပုံဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး

ပန်းဥယျာဉ်အတွင်းကလေးကစားကွင်းများ၊ဓာတ်ပုံရိုက်စရာနေရာများ၊ပန်းဝင်္ကပါများ၊စားသောက်ဆိုင်များ၊နေဝင်ဆည်းဆာကြည့်ရှုနိုင်မယ့် တောင်ကုန်းများပါဆောင်ရွက်ထားကြောင်းလည်း သိရသည်။

စက္ကူပန်းနန်းတော်ဥယျာဉ်ကို၂၀၁၉ခုနှစ်စတွင်စတင်တည်ဆောက်ခဲ့ပြီး၂၀၂၀ခုနှစ် သင်္ကြန်တွင်စတင်ဖွင့်လှစ်ရန်စီစဉ်ထားခဲ့သော်လည်းကိုဗစ်ဖြစ်ပွားလာခြင်းကြောင့်ဖွင့်လှစ်မည့်အစီအစဉ်ကိုနောက်ဆုတ်ခဲ့ရကာ

စက္ကူပန်းနန်းတော်ဖွင့်လှစ်ပါကလူအများစိတ်ဝင်စားစရာနေရာ တစ်ခုဖြစ်လာ နိုင်သည့်အပြင် ပန်းဥယျာဉ်ကြီး ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သည့် ရေလောင်းပေါင်း သင်ခြင်း၊ စက္ကူပန်းမျိုးခွဲခြင်း၊ အရောင်ခွဲခြင်း၊ ပုံသွင်းခြင်း များ ဆောင်ရွက်ရန် ဒေသခံများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးသည့်နေရာတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

ခရက်ဒစ်
ဖိုလ်တို ခရက်ဒစ် စက္ကူပန်းနန်းတော်