ဘီယာ(Beer) ဖြင့် သစ်ခွပင်များကို ပြုစုနည်း

ဘီယာ(Beer) ဖြင့် သစ်ခွပင်များကို ပြုစုနည်း

သစ်ခွပန်းချစ်တဲ့အိမ်ရှင်များအတွက် မိမိအနီးအနားမှာတဲ့ ဘီယာနဲ့အပင်လေးတွေကိုပြုစုပေးလို့ရတယ်ဆိုတာသိရအောင် မျှဝေပေးလိုက်ပါတယ်ရှင့်။

သစ်ခွပင်ကိုဘီယာ( Beer )တိုက်ခြင်းကြောင့် ချက်ချင်းပန်းပွင့်လာမယ်၊အမြစ်ထွက်လာမယ်၊သားတက်ထွက်လာမယ်လို့တော့ ယူဆလို့မရပါဘူးရှင့်

ဒါပေမဲ့သုံးဖူးတဲ့သူတိုင်းအရင်ကထက်ထူးထူးခြားခြား အကျိုးခံစားကြတာကိုတော့ ငြင်းမရပါဘူးဒါ့ကြောင့်သစ်ခွပင်ကိုဘီယာ( Beer)တိုက်တဲ့နည်း( 2)မျိုးအကြောင်းဖတ်ဖူးထားတာလေး ပြန်လည်ဝေမျှပြရစေရှင့်

ဘီယာ စိမ်ခြင်း

သစ်ခွပင်ကို ဘီယာစိမ်မည်ဆိုပါက ဘီယာ ( Beer ) တစ်ဗူးကို ရေ ( 2 ) ဂါလံနဲ့ရောစပ်ပြီး စိမ်စိမ်တဲ့ပုံစံကတော့ အပင်ရဲ့အမြစ်မြှပ်အောင် ( 10 ) မိနစ်လောက် စိမ်ပေးပါ

သစ်ခွပင်တစ်ပင်ကို ( 15 ) ရက်တစ်ခါ စိမ်ပေးသင့်ပါတယ် ဒီနည်းက အပင်နဲတဲ့သူများအတွက် ပြသနာမရှိပေမယ့် အပင်များသူတွေအတွက်ကတော့ အဆင်မပြေနိုင်ပါဘူး

ဘီယာ ဖြန်းခြင်း

ဘီယာ ( Beer )ဗူးတစ်ဝက်ခန့်ကိုရေ( 4 )ဂါလံနဲ့ရောစပ်ပြီးသစ်ခွပင်ကို( 15 )ရက်တစ်ကြိမ်ဖြန်းပေးရပါမယ်

တကယ်လို့မိမိရဲသစ်ခွပင်တွေဟာအပင်မသန်တာတွေများရင်တော့( 10 ) ရက်တစ်ကြိမ် ဖြန်းပေးသင့်ပါတယ်ရှင့်

မှတ်ချက်

အပင်တွေကို ဘီယာ(Beer) ဖြန်းခြင်း/စိမ်ခြင်း ပြုလုပ်မယ်ဆိုရင်မနက်(8 :00)မထိုးခင်လုပ်ပေးသင့်ပါတယ်ရှင့်

ဘီယာ(Beer )အမျိုးအစားအနေနဲ့ကတော့မိမိတို့ အလွယ်တကူဝယ်ယူလို့ရတဲ့မည်သည့် ဘီယာ( Beer )အမျိုးအစားမဆိုအသုံးပြုလို့ရပါတယ်

သစ်ခွပင်များကိုဘီယာ( Beer) ဖြန်းခြင်း/စိမ်ခြင်းကြောင့်အပင်များအတွက်ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူးလို့သိရပါတယ်ရှင်

ခရက်ဒစ် အောင်လေး(သထုံ)၏ပို့စ်မှထုတ်နုတ်တင်ပြပါသည် ရှင့်။
ဖိုလ်တို ခရက်ဒစ်





ဘီယာ စိမ်​ခြင်း



ဘီယာ ဖြန်းခြင်း



မှတ်​ချက်




ဖိုလ်တို ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *