မိုးစပါးတွေစျေးကွက်ထဲဝင်လာသည့်အတွက် ကုန်သည်တွေအရှုံးနဲ့ရင်ဆိုင်နေရ

မိုးစပါးတွေစျေးကွက်ထဲဝင်လာသည့်အတွက် ကုန်သည်တွေအရှုံးနဲ့ရင်ဆိုင်နေရ

ဧရာဝတီတိုင်းမှာ မိုးစပါးတွေ ဈေးကွက်ထဲ ဝင်လာတဲ့ အတွက် ဆန်ဈေးနှုန်း အနည်းငယ်ကျဆင်းလာတာ ကြောင့်တက်ဈေးနဲ့ ဝယ်ယူထားရတဲ့ကုန်သည်တွေအရှုံးနဲ့ ရင်ဆိုင်နေရပြန်တယ်လို့သိရပါတယ်။လက်ရှိ ဆန်ဈေးကွက်မှာ စားသုံးမှု အများဆုံးဖြစ်တဲ့ ဧည့်မထတစ်အိတ် ၄၅၅၀၀ ကျပ်ဝန်းကျင်၊

ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ် ၇၇၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၉၀၀၀၀ ကျပ်ဝန်းကျင်ပေါက်ဈေး ရှိနေတယ်လို့ ပုသိမ်မြို့ကဆန်ကုန်သည်တစ်ဦးကပြောပါတယ်။”လက်ရှိ စပါး အသစ်တွေစတင်ပေါ်နေတယ်၊ ဒါ့ကြောင့်ဈေးကွက်ထဲ ဆန်အသစ်တွေဝင်လာလို့ဈေးတွေကျနေတာပါ၊

၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ၃၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်ကြားဈေးကျလာတယ်။ ဈေးကဆက်ပြီးတော့လည်း ကျဖို့ရှိနေတယ်၊ဒီအတိုင်းဆို အရှုံးနဲ့ ပဲ ရင်ဆိုင်ရဦးမှာ၊တက်ဈေးနဲ့မိထားတဲ့ဟာတွေက အခုဈေးကျနေတော့ပြန်ချရောင်းတော့ ရှုံးတယ်၊တစ်ပတ်အတွင်းကိုကျပ်သိန်း ၂၀ လောက်အရှုံးပြနေပြီ”လို့သူကဆက်ပြောပါတယ်။

ဆန်ဈေးတွေ ကျဆင်းသွားသလိုစပါးဈေးတွေလည်း ပြန်လည်ကျဆင်းလာပြီး အခုလိုမိုးစပါးသစ်တွေ စတင်ပေါ်တဲ့ အချိန် စပါးဈေးကျဆင်းလာတာကြောင့်အဆင်မပြေ ဖြစ်နေတယ်လို့ ဘိုကလေးမြို့ကတောင်သူတစ်ဦးကပြောပါတယ်။”အခုက စပါးအသစ်တွေနေရာ တော်တော်များမျာမှာပေါ်နေပြီလေ ၊

ဒီလို ပေါ်တဲ့အချိန်ဆို ဒီလိုကြီးပဲစပါးဈေး ကထိုးက်လာတာ၊စပါးမရှိရင်တက်ပြီး ဒီအကျင့်ကဟိုအရင်ထဲကဖြစ်နေတာ၊ တောင်သူတွေလက်ထဲစပါးမရှိမှဈေးတက်တဲ့အကျင့်၊စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၂ သိန်းကျော်ကျော်အထိအပြင်မှာဈေးပေါက်နေတဲ့အချိန် သက်ဆိုင်ရာက စပါးတင်း ၁၀၀ ကို ငွေကျပ် ၆သိန်း ကျော်ကျော်နဲ့ ဝယ်ခိုင်းတော့ဒုက္ခပေးတာနဲ့ အတူတူပဲ”လို့ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆန်ဈေးဟာစားသုံးတွေ အတွက် တော့အဆင်ပြေမယ်လို့ထင်ရပေမဲ့လည်းကိုဗစ်-၁၉ကပ်ရောဂါနဲ့ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်ပေါက်ခဲ့တဲ့ဆန်ဈေးကိုမီဖို့လိုသေးတယ်လို့သိရပါတယ်။နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်ဆန်အချောတစ်ပြည်ကိုငွေကျပ် ၁၄၀၀၊

ဆန်အကြမ်းတစ်ပြည်ကိုကျပ် ၈၀၀ သာဈေးပေါက်ခဲ့ပြီး လက်ရှိတော့ဆန်အချောတစ်ပြည်ကို ငွေကျပ် ၃၇၀၀နဲ့ အကြမ်းတစ်ပြည်ကို ၂၄၀၀ အထိဈေးပေါက်နေတယ်လို့သိရပါတယ်။

Facebook Comments Box