ယခုလနောက်ဆုံးအပတ်ပြင်ပစျေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် ပြည်တွင်းရွှေစျေးကွက်အခြေအနေ

ယခုလနောက်ဆုံးအပတ်ပြင်ပစျေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် ပြည်တွင်းရွှေစျေးကွက်အခြေအနေ

နိုဝင်ဘာနောက်ဆုံးအပတ် ပြင်ပရွှေဈေးကွက်မှာအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၆ သိန်းခွဲအထက်ဈေးနဲ့ အရောင်းအဝယ်ဆက်ဖြစ်တယ်လို့ ရန်ကုန်မြို့ ရွှေဆိုင်တွေဆီကသိရပါတယ်။နိုဝင်ဘာ ၂၈ ရက် နေ့လည် ၁၂နာရီပေါက်ဈေးအရ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ၂၆၆၅၀၀၀ ကျပ်၊

၁၅ ပဲရည်တစ်ကျပ်သားကိုကျပ် ၂၅ သိန်းအထက်နဲ့ဆိုင်ကရောင်းပြီး ရွှေပြန်ဝယ်ဈေးကတော့ကျပ်နှစ်သောင်းခွဲလောက်အကွာထားတယ်လို့ရန်ကုန်မြို့ရွှေဆိုင်တစ်ဆိုင်ကပြောပါတယ်။ဒီနေ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ရွှေအဖွင့်ဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၂၀၆၀၀၀၀ ကျပ်ဖြစ်ပြီး

ညနေပိုင်း (၅:၃၀)နာရီအချိန် အပိတ်စျေးမှာတေ့ာ ၁၆ပဲရည်တစ်ကျပ်သား ၂၆၆၂၀၀၀ကျပ်ဖြင့်ရောင်းပြီး ပြန်ဝယ်ရင်တော့ ကျပ် ၂၅၀၀၀ကျပ်ခွာဝယ်ကြောင်းသိရှိရပါသည်။နိုဝင်ဘာ၂၆ ရက်ရွှေအပိတ်ဈေးထက် ၆၀၀၀ ကျပ်လောက်ဈေးကျခဲ့ပါတယ်။နိုဝင်ဘာ၂၈ ရက်ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၇၄၉ ဒေါ်လာဖြစ်ပြီး

နိုဝင်ဘာ ၂၆ ရက်နေ့ကဈေးထက် ၅ ဒေါ်လာလောက်ပြန်ကျခဲ့ပါတယ်။လက်ရှိ ပြည်တွင်းရွှေဈေးကွက်ကတော့အရောင်းအဝယ်အေးနေပြီး အထည်ပျက်ပြန်ရောင်းသူသာများတယ်လို့ ရွှေအရောင်းအဝယ်လုပ်သူတွေဆီကသိရပါတယ်။

Facebook Comments Box