တစ်ပိဿာ ပျမ်းမျှ ကျပ် ၂၅၀၀ဝန်းကျင်ထိမြင့်တက်လာသည့် အိမ်သုံးဂတ်စျေး

တစ်ပိဿာ ပျမ်းမျှ ကျပ် ၂၅၀၀ဝန်းကျင်ထိမြင့်တက်လာသည့် အိမ်သုံးဂတ်စျေး

လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ အချိန်ပိုင်းလျှပ်စစ်မီးပေးဝေတဲ့စနစ်တွေကြောင့်လတ်တလောကာလမှာ ချက်ပြုတ်ရေးအတွက် Gas မီးဖို အသုံးပြုမှုများလာနေရာပုံမှန်ထက် Gasဈေးအနည်းငယ်မြင့်တက်လာနေတယ်လို့ အိမ်သုံးGasအရောင်းဆိုင်များကတစ်ဆင့်သိရပါတယ်။

Gasမီးဖိုအသုံးပြုသူတွေအနေနဲ့ ဈေးကွက်ထဲမှာ Gasတစ်ပိဿာကိုလက်ရှိဈေးငွေကျပ်၅၀၀၀ကျော်ကနေ ၇၀၀၀အထိ ဈေးပေးဝယ်ယူနေရကြောင်းနဲ့ အဲ့ဒီ့ဈေးနှုန်းဟာအရင်လတွေကတစ်ပိဿာ၄၅၀၀ကျပ် ရှိခဲ့တဲ့ ဈေးထက်မြင့်တက်လာတာဖြစ်ပြီး တစ်ပိဿာ ကျပ် ၂၅၀၀ ဝန်းကျင်ထိမြင့်တက်လာတယ်လို့ သုံးစွဲသူတွေထံကနေသိရပါတယ်။

” အခုက မီးကသိတဲ့အတိုင်း အရမ်းပျက်တယ် ။ ထမင်းဟင်းချက်ဖို့ကိုလျှပ်စစ်နဲ့ချက်ရာကနေအခု အခြားနည်းအသုံးပြုပြီးချက်ဖို့ စဉ်စားတော့ ထင်း မီးသွေးသုံးမလား gasသုံးမလားဆိုရင် gasပဲရွေးချယ်ဖြစ်တယ်။ရန်ကုန်မှာကနေတာကတိုက်ခန်းတွေနဲ့လေ

မီးသွေးတို့ထင်းတို့ကမီးခိုးမွှန်ပြာလွင့်ဆိုတော့ အဆင်မပြေဘူးဆိုတော့။ အမတို့ဆီမှာတော့gasတစ်ပိဿာ၅၂၀၀နဲ့ဝယ်ရတယ်။ ဟင်းချက်နည်းတော့ရက်နည်းနည်းလောက်တော့သုံးနိုင်ပါတယ်”လို့ ရန်ကုန်မြို့အတွင်းနေထိုင်သူအိမ်ရှင်မတစ်ဦးကပြောပါတယ်။

အိမ်သုံးgasကို မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံကနေအဓိကမှာယူတင်သွင်းတဲ့ မြဝတီလမ်းကြောင်းကနေတစ်ဆင့်တင်သွင်းလာတာနဲ့ gasတင်ပို့တဲ့သင်္ဘောတွေနဲ့ရန်ကုန်ဆိပ်ကမ်း ကနေတဆင့်ဝင်ရောက်လာတာတွေရှိတယ်လို့သိရပါတယ်။

Facebook Comments Box