လျှပ်စစ်ကားတင်သွင်းသူတွေအတွက် သတိပေးချက်များထုတ်ပြန်

လျှပ်စစ်ကားတင်သွင်းသူတွေအတွက် သတိပေးချက်များထုတ်ပြန်

လျှပ်စစ်သုံးယာဉ် (EV) တင်သွင်းရောင်းချမယ့်ကုမ္ပဏီတွေအနေနဲ့တာဝန်ယူမှုအပြည့်အဝရှိရမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးမင်းမင်းကပြောပါတယ်။‘‘ဒီအတိုင်းလေးပဲကားလေးကို ရော့…အင့် ဆိုပြီးရောင်းပြီးတော့

နောက်ဖြစ်တဲ့ကိစ္စတာဝန်မယူဘူးဆိုပြီး လုပ်လို့မရဘူး။ အဲ့ဒါကို တာဝန်ယူရမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ အပြည့်ရှိရမယ်’’လို့ ဦးမင်းမင်းက အင်တာဗျူးတစ်ခုမှာ ဆိုထားပါတယ်။စီးပွား/ကူးသန်းရဲ့ထုတ်ပြန်ချက်အရ EV တင်သွင်းခြင်းအတွက်အစပျိုးစမ်းသပ်ကာလ (Pilot Project) ကို (၁)နှစ်သတ်မှတ်ထားပြီး

EV အမှတ်တံဆိပ်တစ်ခုစီအတွက်ရောင်းချမယ့်ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ ဝယ်/ရောင်း သဘောတူစာချုပ်ကိုတင်ပြနိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။‘‘ထုတ်ထားတဲ့ အမိန့်ထဲမှာ ပြခန်းကြီးတော့ ဆောက်စရာမလိုဘူး။

ဒါပေမယ့်ထုတ်လုပ်တဲ့သူတွေနဲ့ စာချုပ်ချုပ်ဆိုတဲ့အခါမှာ ယာဉ်အပိုပစ္စည်းတွေ၊ ရောင်းချပြီးနောက် ပြုပြင်ခြင်းဝန်ဆောင်မှုတွေ ပေးနိုင်ရမယ်ဆိုပြီး ပါရှိတယ်။ အဲ့ဒါက အဓိကပဲ’’လို့ ဦးမင်းမင်းက ဖြေကြားထားပါတယ်။

ဒါ့အပြင် EV တင်သွင်းလိုသူက ဗဟိုဘဏ်က အသိအမှတ်ပြုထားတဲ့ ဘဏ်တစ်ခုခုမှာ မြန်မာငွေကျပ်သိန်း (၅၀၀) ပေးသွင်းနိုင်ကြောင်းဘဏ်အာမခံချက် (Bank Guarantee) ကိုတင်ပြရမှာဖြစ်တယ်လို့လည်း စီးပွား/ကူးသန်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမြဲတမ်းတွင်းဝန်ဦးမင်းမင်းက ‘‘ပြခန်းပုံမှန်ဖွင့်တဲ့သူကသိန်း (၁၀၀၀) အာမခံထားရတယ်။အခု EV သွင်းမယ့်သူတွေကတော့သိန်း (၅၀၀) ထားရမယ်။ပြဿနာတစ်စုံတစ်ရာဖြစ်လာရင်ဒါနဲ့ဖြေရှင်းနိုင်ဖို့ အာမခံထားခိုင်းတဲ့သဘောပါ’’လို့ ဆက်ပြောပါတယ်။တင်သွင်းလာတဲ့ ယာဉ်တွေကိုကညနမှာ မှတ်ပုံတင်ဖို့ စီးပွား/ကူးသန်းမှာ ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမှာဖြစ်ပြီး

လျှပ်စစ်သုံး လူစီးယာဉ်နဲ့ ခရီးသည်တင်ယာဉ်တို့ အကျုံးဝင်ကာ BEV (Battery Electric Vehicle) ယာဉ်တွေ ဖြစ်ရမယ်လို့ ကြေညာထားပါတယ်။လက်ရှိမှာ ပြည်ပနိုင်ငံတွေထံက လျှပ်စစ်ကားတွေတင်သွင်းရောင်းချဖို့တင်ပြလာတဲ့ ကုမ္ပဏီ (၂၆) ခုအထိရှိနေပြီး

ယနေ့အချိန်ထိတော့ ခွင့်ပြုပေးထားတဲ့ ကုမ္ပဏီမရှိသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ပြည်တွင်းမှာ လျှပ်စစ်ကားယာဉ်တွေကိုဆက်စပ်လုပ်ငန်းတွေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကာလတို၊ ကာလလတ်၊ ကာလရှည် အပိုင်းအခြား (၃) ခုပေးပြီး အားပေးဆောင်ရွက်သွားမယ်လို့လည်း ၎င်းကဖြေကြားပါတယ်။

Facebook Comments Box