ရွှေလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်သက်တမ်းတိုးတဲ့လုပ်ငန်းရှင်ရာကျော်ရှိနေပြီဟုပြော

ရွှေလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်သက်တမ်းတိုးတဲ့လုပ်ငန်းရှင်ရာကျော်ရှိနေပြီဟုပြော

လာမယ့်နှစ် ရန်ကုန်တိုင်းအတွင်း ရွှေလုပ်ငန်းလုပ်ကိုင်ဖို့ လိုင်စင်သက်တမ်းတိုးတဲ့ လုပ်ငန်းရှင်ဦးရေ ၁၀၀ ကျော်ရှိပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကသိရပါတယ်။ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေကိုသက်တမ်းတစ်နှစ်သာပေးထားတာဖြစ်ပြီး

နှစ်စဉ်သက်တမ်းတိုးဆောင်ရွက်ရမှာဖြစ်ကာဒီဇင်ဘာလကုန်တွင် ဒီနှစ်အတွက်လုပ်ငန်းလိုင်စင်အားလုံးသက်တမ်းကုန်မှာဖြစ်တယ်လို့သိရပါတယ်။ရွှေပိသာချိန် ၁၀ ပိဿာအထက်ရောင်းဝယ်တဲ့ လုပ်ငန်းတွေကိုလုပ်ငန်းကြီး၊

ရွှေ ၅ ပိဿာအထက်ရောင်းဝယ်တဲ့လုပ်ငန်းတွေကိုလုပ်ငန်းအလတ်၊ရွှေ ၅ ပိဿာအထိရောင်းဝယ်တဲ့ လုပ်ငန်းအသေးဆိုပြီးသတ်မှတ်ထားတယ်လို့သိရပါတယ်။ရွှေကုန်သည်တွေ ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ ရွှေတုံးရွှေခဲလိုင်စင်လျှောက်ထားခြင်း

ကိစ္စရပ်တွေမှာ လုပ်ငန်း အကြီး၊ အလတ်၊ အသေး ခွဲခြားဖော်ပြပြီးရန်ကုန်ရွှေအသင်းထံတင်ပြကာ ထောက်ခံချက်ရယူမှာဖြစ်တယ်လို့ သိရပါတယ်။ရွှေအသင်းကစိစစ်ကာထောက်ခံချက်ပေးမှာဖြစ်သလို အခွန်ကင်းရှင်းကြောင်းသက်ဆိုင်ရာမှထောက်ခံချက်တွေရယူပြီးပါကအချက်အလက်ပြည့်စုံရင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှလိုင်စင်အသစ်လျှောက်ထားခြင်း၊

လိုင်စင် သက်တမ်းသက်တမ်းတိုးခြင်းတွေ ပြုလုပ်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ရွှေဆိုင်လုပ်ငန်းတစ်သောင်းကျော်ရှိပြီးဆိုင်အားလုံးနီးပါးလိုင်စင်တွေ ရှိတယ်လို့လည်းသိရပါတယ်။

Facebook Comments Box