ပြည်တွင်းကြက်သွန်နီများလက်ရှိ တစ်ပိဿာကျပ်(၅၀၀၀)ဝန်ကျင်ဖြစ်နေသည့်အပြင် ပြည်ပကလည်းစျေးကောင်းပေးဝယ်နေ

ပြည်တွင်းကြက်သွန်နီများလက်ရှိ တစ်ပိဿာကျပ်(၅၀၀၀)ဝန်ကျင်ဖြစ်နေသည့်အပြင် ပြည်ပကလည်းစျေးကောင်းပေးဝယ်နေ

မြန်မာ့ကြက်သွန်နီကိုထိုင်းနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့ကအဝယ်လိုက်နေပြီးအပတ်စဉ်တင်ပို့နေရတယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကသိရပါတယ်။ထိုင်းနိုင်ငံကမြန်မာ့ကြက်သွန်နီတစ်တန်ကို ကျပ် ၃၁ သိန်း မှ ၃၄ သိန်းကျော်ထိဈေးပေးဝယ်နေပြီ

တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်နယ်စပ်ကုန်သွယ်ရေးမှထိုင်းနိုင်ငံသို့ အပတ်စဉ်မြန်မာ့ ကြက်သွန်နီတန် (၅၀) မှတန်(၁၀၀) အကြားတင်ပို့နေရကာလက်ရှိပေါက်ဈေးအနေဖြင့် (၁) တန်လျှင် 20-30 mm အတွက် (၃၉၈၈၅) ဘတ်နှင့် 25-35 mm အတွက် (၄၄၀၃၆) ဘတ်ပေါက်ဈေးရှိတယ်လို့သိရပါတယ်။

ကြက်သွန်နီကို မောတောင်ကုန်သွယ်ရေးစခန်းအပြင်မြဝတီကုန်သွယ်ရေးဇုန်မှလည်းထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာလတ်တလောကြက်သွန်နီအသစ်တွေထွက်ပေါ်လာသည့်ကာလဖြစ်တဲ့အတွက်နိုဝင်ဘာလ ၂၁ ရက်နေ့ကတန်ချိန် ၁၀၀ ကျော်ထိတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

ဗီယက်နမ်နိုင်ငံကလည်း ပြီးခဲ့တဲ့ ၂ နှစ်ကာလက ကြက်သွန်နီဝယ်ယူမှု ရပ်နားခဲ့ပေမယ့် အခုနှစ်ပြန်လည်ဝယ်ယူမှုရှိလာခြင်းဖြစ်ကာမြန်မာ့ကြက်သွန်နီကို ဈေးကောင်းပေးဝယ်နေတယ်လို့သိရပါတယ်။ဗီယက်နမ်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီတစ်ပတ်ကို ပိဿာချိန် ၁၈၀၀၀ ပါ တွဲကား ၁၀ စီးခန့် တင်ပို့နေရပြီး

မြင်းခြံကြက်သွန်နီကို အဓိကဝယ်ယူကာ တစ်ပိဿာပေါက်ဈေး ကျပ် ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။မြန်မာ့ကြက်သွန်နီကို ထိုင်းနိုင်ငံ၊ဗီယက်နမ်နိုင်ငံတို့အပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပါတင်ပို့နေပြီး ယခု နိုဝင်ဘာပထမပတ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပုံမှန်တင်ပို့မှု ရှိနေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတွင်နှစ်စဉ် ကြက်သွန်နီ ပျမ်းမျှတန်ချိန် ၁၀ သိန်းဝန်းကျင်ထွက်ရှိနေပြီး ကြက်သွန်နီဈေးကွက်အတွင်းနိုဝင်ဘာ ၂၄ ရက်ပေါက်ဈေးအရဆိပ်ဖြူကြက်သွန်နီတစ်ပိဿာ ၄၅၀၀ ကျပ်၊ကံဆင့်ကြက်သွန်နီ တစ်ပိဿာ ၄၅၀၀ ကျပ်နဲ့ မြင်းခြံကြက်သွန်နီ တစ်ပိဿာ ၄၈၀၀ ကျပ်ရှိတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကသိရပါတယ်။

Facebook Comments Box