SKD နှင့် EV ကားဂယက်ကြောင့် လက်ရှိကားစျေးကွက်ကို လှုပ်ခတ်နိုင်မလား မလှုပ်ခတ်နိုင်ဘူးလားဆိုတဲ့ ပြည်တွင်းကားစျေးကွက်အခြေအနေ

SKD နှင့် EV ကားဂယက်ကြောင့် လက်ရှိကားစျေးကွက်ကို လှုပ်ခတ်နိုင်မလား မလှုပ်ခတ်နိုင်ဘူးလားဆိုတဲ့ ပြည်တွင်းကားစျေးကွက်အခြေအနေ

လျှပ်စစ်ကား EV နှင့် SKD ကားဂယက်ကြောင့် မြင့်တက်နေတဲ့ ပြည်တွင်းကားစျေးတန်းတွေ အနည်းငယ်ပြန်ကျလာသော်လည်းကားမူဝါဒမှာ အသစ်ထွက်မလာသေးသည့်အတွက်ပြည်တွင်းကားစျေးကွက်ကသိသိသာသာလှုပ်ခတ်ခြင်းမျိုးတော့မရှိသေးဘူးလို့

ကားစျေးကွက်ရေးရာကျွမ်းကျင်သူတွေကပြောပါတယ်။ “ကားစျေးက နည်းနည်းတော့အောက်ထဲကိုဆင်းပါတယ်။ဘာလို့လဲဆိုရင် သိန်း ၂၃၀ လောက်တင်ရောင်းတဲ့ကားတွေက အခု ၂၅ သိန်း၊ သိန်း ၃၀ လောက် အထိ စျေးတွေပြန်ဆင်းရောင်းနေတယ်။တချို့ သူဌေးတွေကျတော့လည်းမရောင်းဘူးကွာ ငွေလည်းမကိုင်ချင်ဘူး၊

ဘာမှမဖြစ်ဘူးကွာဆိုတဲ့သူတွေလည်းရှိတယ်။လာမယ့်ကာလကိုပြောရရင်ကားစျေးကွက်က ဒီအတိုင်း တဖြေးဖြေး တအိအိနဲ့ပဲသွားနေမယ်။ အတက်ဘက်ကို တော့မျှော်လို့မရဘူး၊အကျဘက်ကိုသွားဖို့များတယ်။ ဘာဖြစ်လို့လဲဆိုတော့ရောင်းရေးဝယ်တာကိုပြန်ကြည့်ရင်အဝယ်တွေကလည်းလက်ထဲမှာကားတွေပြည့်နေတယ်။

ဝယ်တဲ့သူက တစ်ယောက်စ၊နှစ်ယောက်စလောက်ပဲရှိတယ်။လက်ရှိမှာနှစ်ကုန်လောက်အထိ ဒီအတိုင်းပဲရှိနေမယ်၊သွားနေမယ်။ ဒီကာလကဝယ်ရင်မြန်မြန်ဝယ်တယ်၊ရောင်းရင်လည်း မြန်မြန်ရောင်းရတယ်။ လက်ထဲမှာပိုက်ဘောမမိဖို့အရေးကြီးတာပေါ့၊ဝယ်ရောင်းတွေအဖို့ကတစ်မိုးလုံးရှာထားတဲ့ပိုက်ဆံက ကားနှစ်စီးလောက်နဲ့ပါသွားတတ်တယ်လေ”လို့

တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာ လျှပ်စစ်ကား EV နှင့် SKD ကားကလွဲပြီး ပါမစ်တွေခွင့်ပြုပေးဖို့ မရှိသေးလို့ ပြည်တွင်းကားစျေးကပုံမှန်အတိုင်းဆက်ရှိနိုင်မယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေကခန့်မှန်းထားကြပါတယ်။”SKD က အများကြီးထုတ်မှာ မဟုတ်သေးဘူးလေ။သူရဲ့ ပထမဦးစားပေးက ယခင်အော်ဒါတင်ထားတဲ့သူတွေအတွက်ထုတ်တာပေါ့။

အဲ့ဒီလူတွေကို အဓိကထားပေးမှာ ကျန်တဲ့ဟာတွေလည်း ကျန်သလိုပေါ့နော်။ပြည်တွင်းကားစျေးကွက် သုံးသပ်ရသလောက်က ဒီအတိုင်းပဲ ဆက်သွားနေမယ်။ ဘာလို့လဲဆိုရင် သူကအဓိက ကဘာနဲ့ဆိုင်လည်းဆိုရင်ကားမူဝါဒနဲ့ပဲဆိုင်တယ်။နောက်ထပ်ကားမူဝါဒမထွက်မချင်းစျေးကွက်ကဒီအတိုင်းပဲသွားမယ်။ ကားစျေးကွက်က လှုပ်ခတ်ဖို့ သိပ်မရှိနိုင်သေးဘူး”လို့ သူကဆက်ပြီးပြောပြပါတယ်။

ယခုပြည်တွင်းကားစျေးကွက်တွင် ကျပ်သိန်း ၁၅၀ လောက်မှစတင်၍ အလယ်အလတ်အတန်းအစား ကားတွေဖြစ်တဲ့ ကျပ်သိန်း ၃၀၀ မှကျပ်သိန်း ၄၀၀ တန်းကားတွေ အထိအရောင်း၊အဝယ်ဖြစ်နေတယ်လို့လည်း၎င်းတို့ကဆိုပါတယ်။ “အခုကားစျေးက ခုန်တက်ဖို့တော့မရှိဘူး။ ဘာလို့လဲဆို ခုန်တက်နေတဲ့ ခွေးဘီးလူးကားတစ်စီးကို မော်ဒယ်အနိမ့်ဆုံးကားပေါ့ သူက အင်ဂျင်ပါဝါ၊ စီတီယာတိုင်ပါဝါပါမယ်

အဲ့လိုကားတွေဆိုအရင်က ၁၃၅ သိန်း၊ သိန်း ၁၄၀ လောက်ရှိတယ်။ စျေးဆင်းလည်း ဆယ်သိန်း၊ သိန်းနှစ်ဆယ်ပေါ့။ လောလောဆယ် ကားလည်းကောင်းတယ်။ အက္ခရာလည်းမြင့်တဲ့ GE6 တို့ Belta တို့ကသိန်း ၃၀၀ ထက်မှာရှိနေတယ်။

နောက်ကားကလည်းမကောင်းဘူး၊ကိုယ့်လက်ထဲမှာလည်း Error တစ်ခုခုရှိနေမယ်ဆိုရင်တော့ အဝယ်တွေ့လို့ရှိရင် အဆင်ပြေမယ့်စျေးနဲ့ ချက်ချင်းချရောင်းရတာပေါ့၊စျေးကွက်မှာကအဲ့လိုတွေဖြစ်နေပါတယ်”လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦး က သုံးသပ်ပြောပြခဲ့ပါသေးတယ်။

Facebook Comments Box