ရည်ညွှန်းစျေး သတ်မှတ်လိုက်ပေမယ့်လည်း ပြင်ပစျေးကွက်တွင် ဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့ ပြည်တွင်း စပါးစျေး

ရည်ညွှန်းစျေး သတ်မှတ်လိုက်ပေမယ့်လည်း ပြင်ပစျေးကွက်တွင် ဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့ ပြည်တွင်း စပါးစျေး

အခြေခံရည်ညွှန်းစပါးဈေး တင်း ၁၀၀ ကို ၆၃၀၀၀၀ ကျပ် သတ်မှတ်လိုက်ပေမယ့် ပြင်ပဈေးကွက်ကိုတော့ သက်ရောက်မှုမရှိဘဲ စပါးဈေးတွေက အမြင့်ပိုင်းမှာပဲဆက်ရှိနေသလို ဆက်တက်ဖို့အလားအလာရှိတယ်လို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့စပါးတင်း ၁၀၀ အခြေခံရည်ညွှန်းဈေးကို၆၃၀၀၀၀ ကျပ် နဲ့သတ်မှတ်တယ်ဆိုပြီးနိုဝင်ဘာ ၁၁ ရက်ရက်စွဲနဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ သွင်းအားစုကုန်ကျစရိတ်တွေကြောင့်ဒီရည်ညွှန်းစပါးဈေးကတောင်သူတွေအတွက် မဖြစ်နိုင်ဘဲ ပြည်ပဝယ်ယူမှုလည်းရှိသလို ပြည်တွင်းစပါးထွက်ရှိမှုလည်းနည်းတဲ့အတွက် စပါးဈေးတွေကအမြင့်ဈေးမှာပဲဆက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အခြေခံရည်ညွှန်းစပါးဈေးကို ကျပ် ၅သိန်းခွဲ ထုတ်ပြန်ခဲ့ပေမယ့် ပြင်ပပေါက်ဈေးကတော့ ကျပ် ၁၀ သိန်းအထက်မှာရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိပဲခူးတိုင်း ပေါင်းတည်ဈေးကွက်မှာ အင်းလယ်စပါးတွေထွက်ရှိလာပြီး တင်း ၁၀၀ ကို ကျပ် ၁၂ သိန်းနဲ့ ဝယ်ယူမှုရှိနေပြီး

ဧရာဝတီတိုင်းမှာဆိုရင်လည်း တောင်သူလက်ထဲ စပါးလက်ကျန်မရှိတော့မှ စပါးတင်း ၁၀၀ ကို ကျပ် ၂၅ သိန်း ထိ စံချိန်တင်အမြင့်ဆုံးဈေးရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။အခုတစ်ပတ်အတွင်း ရန်ကုန်ဈေးကွက်မှာရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ် ၈၇၀၀၀ မှ ၉၅၀၀၀၊

ဧည့်မထဆန် တစ်အိတ်ကို ၄၃၅၀၀ မှ ၄၅၀၀၀၊ မြီးဒုံဆန်တစ်အိတ်ကို ၄၉၀၀၀ မှ ၅၁၀၀၀ ထိ ဈေးရှိနေပြီး တစ်အိတ်ကို ပျမ်းမျှ ၁၀၀၀ မှ ၃၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

Facebook Comments Box